EPISODE (7)

14.7K 1.3K 55
                                    

Unicode
ရှက်နေလို့ မရဘူး၊တာ၀န်အရ လုပ်ဆောင်ရမှာဘဲ !

ဟန်တျာ တစ်ယောက် ဧကရီနန်းဆောင်အတွင်းရှိသလွန်ပေါ်တွင် ထိုင်လျက်အတွေးများနေရ၏။ယာ၀အိမ်တော်တွင် စိတ်စွမ်းအားနှင့် ပက်သက်သည့်ပညာရပ်များကိုသင်ကြားခဲ့သည် မှန်သော်လည်းမင်္ဂလာဦးညနှင့် ပက်သက်သည့် ကိစ္စရပ်များမှာမူ နန်းတွင်းအထိန်းတော်များက လျှောက်တင်မှသာ သူ့မှာသိရသည်။

သူဟာ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ဖြစ်ပေမယ့် အခြားသောသခင်လေးများကဲ့သို့ ငယ်ရွယ်စဉ် လက်တည့်စမ်းခြင်းများအား တစ်ခုမှပင်မလုပ်ခဲ့ဘူးပေ။အကိုတော်များကလည်း မိမိအား အရွယ်မရောက်သေးသော ကလေးအမှတ်နှင့်မည်သည့်အခါမျှ သေရည်ဆိုင်နှင့် အပျော်မယ်အိမ်များသို့မခေါ်ခဲ့။

ယခုတော့ နဖူး‌တွေ့ဒူးတွေ့ ကြုံရပြီ။
ဟန်တျာ အချိန်အတန်ကြာအောင်စောင့်ဆိုင်းပြီးမှဧကရာဇ်က အိပ်ဆောင်အတွင်းသို့ ၀င်ရောက်လာလေသည်။ဧကရာဇ်၀င်လာသည်နှင့် နန်းဆောင်အတွင်းရှိ နန်းတွင်းသူများမှာ နန်းဆောင်မီးများကိုပိတ်ကာ အပြင်သို့ထွက်သွားကြ၏။ အခန်းတွင်း၌ ခပ်မှိန်မှိန် ဆီမီးများကသာ ကျန်ရှိနေပြီး လမ်းလျှောက်လာသော ဧကရာဇ်နှင့် အိပ်ယာပေါ်ရှိဧကရီ၏ပုံရိပ်ကို ထင်ဟပ်နေစေပြန်သည်။ဧကရာဇ်သည် အိပ်ယာပေါ်သို့ရောက်လာကာ ထိုင်ချလိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့်ဟန်တျာအားစိုက်ကြည့်နေသည်။ထိုအခါဟန်တျာက ဧကရာဇ်ဘက်သို့လှည့်ကာ ဧကရာဇ်နဂါး၀တ်ရုံကိုချွတ်ကာ အ၀တ်စင်ပေါ်သို့သွားထားလိုက်သည်။ထို့နောက်ဧကရာဇ်၏ ဖိနပ်ကိုချွတ်ပေးလိုက်သည်။နောက်ဆုံး ရေနွေးဇလုံယူကာ ခြေထောက်ကိုဆေးပေးကာ အသင့်ပြင်ထားသောပိုးစဖြင့် သုတ်ပေးလိုက်သည်။

ဧကရာဇ်သည် ထိုအတောအတွင်း မည်သည့်စကားမျှမဆိုဘဲ တည်ကြည်သောမျက်နှာထားဖြင့်သာ ရှိနေပြန်သည်။

ဟန်တျာက ကိစ္စများပြီးသောအခါ

"အိပ်ယာ ၀င်လို့ရပါပြီဘုရား" ဟုပြောလိုက်ပြီး ခြုံစောင်အား ဖွင့်ကာ နေရာပေးလိုက်သည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now