EPISODE (41)

9.2K 831 71
                                    

Unicode
မင်းတို့ခမည်းတော်ကလူဆိုး

ဟန်တျာ မင်းသမီးကြီး၏နန်းဆောင်မှအပြန်တွင်ဧကရာဇ်၏နန်းဆောင်သို့၀င်ရန်စီစဉ်လိုက်သည်။

ဧကရာဇ်၏နန်းဆောင်သည် လုံခြုံရေးတင်းကြပ်စွာချထားပြီး မဟာဧကရီမှလွဲ၍မည်သည့် သက်ရှိကိုမှ၀င်ခွင့်မပြုထားပေ။

ဟန်တျာ ဧကရာဇ်၏နန်းဆောင်ခြံ၀န်းသို့၀င်လိုက်သည်နှင့် နန်းတွင်းစစ်သည်များက ဂါရ၀ပြုလိုက်ကြပြီး တိတ်ဆိတ်စွာဖြင့် မိမိတို့၏တာ၀န်ကိုဆက်လက်ထမ်းဆောင်ကြသည်။

ဟန်တျာသည် နန်းဆောင်၏အ၀င်၀တွင်ရပ်လိုက်ကာ တားဆီးထားသည့်အကာအရံကိုစိတ်စွမ်းအားဖြင့် ချိုးဖျက်၀င်ရောက်သွားတော့သည်။ကျန်စစ်သူကြီးများနှင့် နန်းတွင်းသူများမှာ နန်းဆောင်၏အပြင်တွင်သာ ကျန်ရစ်နေခဲ့ရသည်။၎င်းတို့အနေနှင့် ဤအတားအဆီးကိုချိုးဖျက်ဖို့ရာမတတ်နိုင်ပါကြဘဲ အရှင်ဧကရီ၏ခွင့်ပြုချက်ရမှသာ၀င်ရောက်ခွင့်ရကြသည်။

မယ်အိနှင့်မယ်ဖြူတို့သည် နန်းဆောင်အတွင်းသို့ ဧကရီအရှင်မြတ်၀င်ရောက်သွားသည်နှင့် ချက်ချင်းပင် နောက်ကျောဘက်သို့လှည့်ကာ နန်းတွင်းစစ်သည်များအားလုံခြုံရေးတင်းကြပ်ရန်မှာကြားပြီးသူမတို့ကိုယ်တိုင်လည်းနန်းဆောင်၏အ၀င်၀တွင် တာ၀န်ယူကာ စောင့်ကြပ်ကြသည်။

ဟန်တျာသည် နန်းဆောင်အတွင်းသို့ဖြည်းညင်းစွာလျှောက်လှမ်းလာပြီး နန်းဆောင်၏အလယ်ရှိနဂါးကုတင်ပေါ်တွင် လဲလျောင်းနေသူကိုကြည့်လိုက်သည်။

ရုပ်ရည်ဥပဓိကတော့ တစ်ကယ့်ကို မဟာဆီမဟာ သွေးအပြည့်နဲ့ အဏီရာမျိုးဆက် ဧကရာဇ်ပီသပါပေတယ်။

ဟန်တျာ၏သွယ်လျသည့်လက်တစ်စုံသည် လဲလျောင်းနေသူ၏ပါးပြင်ပေါ်သို့ရောက်ရှိသွားချိန်တွင် သူ၏လက်ဖဝါးမှတစ်ဆင့် နူးညံ့သောခံစားမှုလေးသည် ထိုး၀င်သွားပြီး ဟန်တျာ၏နှလုံးအိမ်သို့ပင်၀င်ရောက်သွားတော့မလိုပင်။

ဟန်တျာ မိမိ၏လက်တစ်စုံကိုပြန်ရုတ်လိုက်ပြီး တည်ငြိမ်သောအသွင်ဖြင့် ဂါထာတစ်ပုဒ်ကိုရွတ်ဆိုကာ မိမိ၏လက်တစ်ဖက်ဖြင့် ကုတင်ပေါ်မှ ခန္ဓာကိုယ်အားလွှမ်းခြုံကာ ဝှေ့ယမ်းလိုက်သောအခါ ကုတင်ပေါ်ရှိခန္ဓာကိုယ်သည်ပျောက်ကွယ်သွားတော့သည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now