Unicode
ဖိအားတွေက အဖက်ဖက်ကလာတယ်နော်။ဟန်တျာသည် ရေချိုးပြီးသည့်နောက် ရေချိုးဆောင်မှထွက်သောအခါ မယ်အိနှင့်မယ်ဖြူသည်အနည်းငယ်နေရခက်နေသည့်ပုံစံဖြင့်အဆောင်အပြင်မှစောင့်နေကြသည်။
"အဟမ်း"
"အရှင်...ဟို..ဟို."
ဟန်တျာကဘာလဲဟူသောမျက်နှာပေးဖြင့်ကြည့်ကာ လက်ထဲမှပထမမင်းသားလေးအားလည်း ဖက်ထုပ်လေးကဲ့သို့ အ၀တ်ဖြင့်ထုတ်ပိုးလျက်ပိုက်ချီထားလိုက်သည်။
မယ်အိနှင့်မယ်ဖြူတို့နှစ်ယောက်သား ပြိုင်တူပင်ကြမ်းပြင်တွင်၀ပ်တွားကာတောင်းပန်ကြ၏။
"တောင်းပန်ပါတယ်အရှင်၊ကျွန်တော်မျိုးမတို့ ပထမမင်းသားလေးကို တားဆီးဖို့မတတ်နိုင်ခဲ့ပါဘူး၊ကျွန်တော်မျိုးမတို့ကိုအပြစ်ပေးတော်မူပါ.."
"အော်ဟော်! သိပ်အပြစ်ဒဏ်ခံယူချင်နေကြတယ်ပေါ့လေ..ရော့ ပြင်ဆင်ပေးလိုက်၊ငါ့ဘာသာပဲအ၀တ်အစားလဲလိုက်မယ်၊ဒင်းလေးနဲ့ဆော့ရတာပင်ပန်းလိုက်တာ၊ဟူး...."
ဟန်တျာသည် လက်ထဲမှ ဖက်ထုပ်လေးအား မယ်အိနှင့်မယ်ဖြူလက်ထဲသို့ထည့်ကာ ပင်ပန်းသွားသည့်ဟန်ဖြင့်သက်ပျင်းချလိုက်သည်။
မင်းသားလေးအား မိမိ၏သနားကြင်နာစိတ်ကြောင့်ပေပဲလား၊သို့မဟုတ် အခြားအကြောင်းအရာများကြောင့်ပေပဲလား မသိသော်လည်း ဤကလေးကိုမြင်လိုက်ပါက မိမိ၏မောပန်းသမျှအကုန်ပျောက်ဆုံးသွားသည်ဟုထင်ရသည်။
အမှန်တစ်ကယ်တော့ ပင်ပန်းလှသည်။တစ်ကယ့်ကို ပင်ပန်းလှသည်။တစ်နေကုန် အရှုပ်ထုပ်များအား ဖြည်ချလိုက်၊ငြင်းခုန်လိုက်နှင့် အနောက်ဆောင်တစ်ခွင်ပြေးလွှားနေခဲ့ရသည်။ဒီကြားထဲ သက္ကအန္တလာပြည်ရဲ့ ပူပြင်းတဲ့ရာသီဥတုကလည်းနှိပ်စက်သေး။တခြားဧကရီတွေတုန်းကတော့မသိ..ဟန်တျာတို့ဧကရီဘ၀ကတော့ နန်းတော်၀င်ခါစတည်းက တိုက်ခိုက်ရ၊အမှုကိစ္စတွေဖြေရှင်းရနှင့် လွန်စွာ ကိစ္စများမြောင်လှသည်။
"ပြီးတော့ မင်းသားလေးကို ညစာ,စားဖို့ပြင်ဆင်ထားခိုင်းလိုက်၊အရှင် ဘယ်အဆောင်မှာ အိပ်ဆောင်၀င်မလဲဆိုတာလည်း အနောက်ဆောင်၀န်ကိုမေးထား"
YOU ARE READING
အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း
Historical FictionWhat's going on with the Savage Male Empress Hantra! MAHARVERSE SEASON 1|| START DATE- September 8 2022 END DATE - June 23 2023