အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းရဲ့ Main Parts တွေဟာ Part(70) မှာပဲအဆုံးသတ်သွားပါပြီ။ခရီးစဉ်တစ်လျှောက်လုံးအစကနေအဆုံးအထိလိုက်ပါပေးခဲ့တဲ့တစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဗျ။မရင့်ကျက်တဲ့စာရေးသူနဲ့ လိုအပ်ချက်တွေရှိနေတဲ့အရေးအသားကို ဖြည့်စွက်ပြီးဖတ်ပေး၊ voteပေး၊ကောမန့်ပေးတဲ့တစ်ယောက်ချင်းစီဟာ ကျွန်တော့်ရဲ့ခွန်အားတွေဖြစ်ပါတယ်။
ဆိုတော့ဒီခရီးစဉ်တစ်လျှောက် ခြုံငုံ ပြီး ကျွန်တော့်ကိုအကြံပြုချင်တာ မေးမြန်းချင်တာတွေကို ကောမန့်မှာမေးသွား၊ရေးသွားလို့ရပါတယ်။
ကျွန်တော့်ဘက်ကနေအားလုံးသိချင်နေမယ့် Q&Aလေးကိုဖော်ပြသွားပါ့မယ်။
မေးခွန်း(၁)
ဟန်တျာတို့အပိုင်းတွေကဒီနေရာတင်ပြီးသွားတာလား။အဖြေ-
Main Partsတွေကတော့ပြီးသွားပြီ။Parts (71) ကစလို့ သားတော်တွေရဲ့အကြောင်းအရာတွေကပိုမိုပြီးပါလာတော့မှာပါ။မေးခွန်း(၂)
ဘဒ္ဒစုသီကရော ဘာမှမဖြစ်တော့ဘူးလား။သူ့သားတော်သမီးတော်တွေကရော ဘယ်လိုလဲ။အဖြေ-
အခုလာမယ့်အပိုင်းတွေကိုဖတ်ရင် ရှင်းလင်းသွားမှာပါ။မေးခွန်း(၃)
ဟန်တျာတို့ သက်တမ်းတွေကပုံမှန် မဟုတ်ဘူးဆို။အဖြေ-
သက်တမ်းရာနဲ့ချီပါတယ်။ဧကရာဇ်တစ်ပါးရဲ့သက်တမ်းဟာ အနှစ်(၈၀၀)ရှိပါတယ်။ဥပမာ ဟန်တျာရဲ့သက်တမ်းဟာ တစ်ရာကျော်ပါပြီ။မေးခွန်း(၄)
ဟန်တျာရဲ့ပြန်လည်မွေးဖွားခြင်းကိုရှင်းပြပေးနိုင်မလား။အဖြေ-
မူလဟန်တျာက လုပ်ကြံခံလိုက်ရပြီး ပြန်လည်ရှင်သန်လာတဲ့အချိန်မှာ ကောင်းကင်ဘုံ နတ်သူငယ်သခင်က ဟန်တျာ့ခန္ဓာကိုယ်မှာ နေရာယူတာနဲ့တိုက်ဆိုင်သွားပါတယ်။အဲ့တော့ ဟန်တျာဟာနဂို ပျော့ညံ့ပြီး စိုးရိမ်တတ်တဲ့ ဟန်တျာကနေ တစ်ဖြည်းဖြည်းနဲ့ ရင့်ကျက်လာပြီး သွေးအေးရက်စက်တတ်တဲ့ပုံစံပြောင်းလာတာကိုသတိထားမိမှာပါ။ပြောရမယ်ဆိုရင်တော့ ကောင်းကင်ဘုံ နတ်သူငယ်ရဲ့ ဝိညာဉ်ကပိုမိုလွှမ်းမိုးသွားတာပါ။
ESTÁS LEYENDO
အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း
Ficción históricaWhat's going on with the Savage Male Empress Hantra! MAHARVERSE SEASON 1|| START DATE- September 8 2022 END DATE - June 23 2023