EPISODE (63)

6.9K 840 51
                                    

Unicode
မကောင်းတဲ့ယောကျာ်းရဲ့စွန့်ပစ်မှုကိုခံလိုက်ရတယ်

ဟန်တျာတို့ပထမဆုံးရောက်ရှိသည့်နေရာမှာ တြိဒေ၀ ဟုခေါ်သည့် ကျေးလက်ရွာကလေးဖြစ်သည်။အိမ်ခြေရာဂဏန်းမျှသာရှိသောရွာလေးဖြစ်ပြီး နေထိုင်သူအများစုက အသက်မွေး၀မ်းကြောင်းအတွက် အမဲလိုက်ခြင်းကိုအဓိကအားကိုးအားထားပြုကြသည်တဲ့။

ရွာသည် တောင်ခြေတွင် အလျားလိုက်တည်ထားခြင်းဖြစ်ပြီးကျေးရွာ၏ဂိတ်ပေါက်၀တွင် အစောင့်အနည်းငယ်လည်းချထားသည်။

ဟန်တျာတို့ရွာ၏အ၀သို့ရောက်သောအခါ အစောင့်များကအနည်းငယ်စစ်ဆေးပြီး၀င်ခွင့်ပြုကြသည်။

"မင်းတို့ကခရီးသွားတွေဆိုတာသေချာရဲ့လား"

ဂိတ်နားသို့အဘွားအိုတစ်ဦးကရောက်လာပြီး သူမ၏တုံချိနေသောအသံဖြင့်မေးလိုက်သည်။

"ဘွားဘွား...ဘာလို့ထွက်လာတာလဲ။ မတော်လို့လဲကျရင်အန္တရာယ်များပါတယ်ဆိုနေမှ"

အစောင့်တစ်ဦးကပျာတီးပျာယာဖြင့်ပြေးလာပြီးထိုအဘွားအိုအားလက်မှတွဲကာခေါ်သည်။ထိုအခါအဘွားအိုသည်အစောင့်လေးကိုမျက်စောင်းထိုးလိုက်ပြီး ဟန်တျာတို့ကို မေးငေါ့ပြလိုက်သည်။

"သူတို့ကခရီးသွားတွေ"

"ကျွန်ုပ်တို့က ဟိုးတောင်ဘက်ပိုင်းတိုင်းပြည်က ခရီးသွားကုန်သည်တွေပါ။လမ်းခရီးမှာ ဓားပြတွေရန်ကြောင့် ရှိသမျှလူတွေလည်းသေ၊ကုန်တွေလည်းအားလုံးဓားပြတွေသယ်သွားတာမို့ ဒီညဒီရွာမှာတည်းခိုချင်လို့ပါဗျ"

ဟန်တျာက အနည်းငယ်သောကရောက်ဟန်ဖြင့်ပြောလိုက်သည်။ထိုအခါ အဘွားအိုသာမက အစောင့်လေးများသည်ပင် ချောမောသိမ်မွေ့သည့် ခရီးသွား အယောင်ဆောင် ဟန်တျာ၏ အပြော၌ ဂရုဏာသက်သွားကြတော့သည်။

"ဒီလိုဆို ဘွားဘွားနောက်လိုက်ခဲ့...လာလာ။အမလေးသနားစရာကောင်းလိုက်ကြတဲ့ကလေးတွေ။
ညီအကိုတွေလားကွဲ့"

အဘွားအို၏အမေးကိုကြားသောအခါ နှစ်ယောက်သား အချင်းချင်းပြန်ကြည့်လိုက်ကြပြီးမျက်လုံးထဲ၌ရယ်မြူးရိပ်ကလေးသန်းသွားတော့သည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now