Unicode
မင်းသမီးကြီးရဲ့အသက်နဲ့ အလောင်းအစားလုပ်မယ်ညဘက်အချိန်သို့ ရောက်သောအခါ ဧကရာဇ်သည် ဧကရီနန်းဆောင်သို့ ကြွမြန်းလာလေသည်။ယနေ့တွင်မူ ဧကရာဇ်သည် မင်္ဂလာဦးညထက် တက်ကြွနေဟန်ရှိသည်။မဟော်ဂနီရောင် မင်း၀တ်တန်ဆာဖြင့် ခံ့ညားနေပြီး ယခင်နေ့များကဲ့သို့တည်တံ့မနေဘဲ အတန်ငယ်ပြုံးနေဟန်ရှိသည်။
ဟန်တျာသည် အဆောင်ထဲသို့ကြွမြန်းလာသော ဧကရာဇ်ကိုမြင်လျှင် သက်ပြင်းခိုးချပြီး သလွန်ပေါ်မှ ထကာ နှုတ်ဆက်လိုက်လေသည်။ထိုအခါဧကရာဇ်က"ဧကရီက ကိုယ်တော်ပေးတဲ့ ပြစ်ဒဏ်ကိုကျေနပ်မယ်လို့ထင်တယ်။"
"မှန်ပါ့ ကျေနပ်ပါတယ်ဘုရား။"
မကျေနပ်လို့မှမရတာ။သူကဧကရာဇ်လေ၊ငါ့လိုအနောက်ဆောင်ကသူတစ်ယောက်ကသူ့ကိုဘယ်လိုလုပ်ယှဉ်ရဲမလဲ။ဟွန့်......'
ထိုအခါဧကရာဇ်သည် သွားဖြူဖြူများပေါ်သည်အထိပြုံးပြပြီးဟန်တျာ၏အနားသို့ကပ်လာလေသည်။
"ဒါကမကျေနပ်ကြောင်းပြတာများလားဇနီးလေး။"
ကျေနပ်ပါတယ်ဘုရားဟုသာ ပြောပြီးနှုတ်ခမ်းအနည်းငယ်ဆူကာ မကြည်မလင်ဖြစ်နေသောမျက်နှာဖြင့် မိမိအ၀တ်အစားများအား ကူချွတ်ပေးနေသူကိုကြည့်ပြီး ဧကရာဇ်မှာအသဲယားလာလေသည်။
"သိပ်လွန်လွန်ကျွံကျွံမလုပ်ရင်တော့ အကောင်းဆုံးပဲ။မင်းကအနောက်ဆောင်တော်ကြီးရဲ့သခင်ဖြစ်တဲ့အတွက် ကိုယ်တော့်အနေနဲ့ ပါ၀င်နေရရင် မကောင်းတဲ့ကိစ္စတွေအများကြီးဖြစ်ပျက်သွားလိမ့်မယ်။နားလည်ရဲ့လား"
ဟန်တျာက အံဩတကြီးဖြင့် ဧကရာဇ်ကိုမော့ကြည့်လေရာ ဧကရာဇ်က ပြုံးရုံသာပြုံးထားသောမျက်နှာဖြင့် ပြန်ကြည့်လေသည်။
နန်းတော်သို့မ၀င်ရောက်မီ မိမိ၏အထင်နှင့်အမြင်မှာ တစ်လွဲဖြစ်နေသည်မှာ ရာခိုင်နှုန်းပြည့်ဖြစ်လေသည်။ဤဧကရာဇ်မှာ ပေါင်းရသင်းရလွယ်ကာ စိတ်ထားမကျဉ်းမြောင်းသူဟုယူဆ၍ရပေမည်။ထိုသို့မဟုတ်လျှင်မိမိကို ဤကဲ့သို့ ပစားပေသည်မှာအဘယ့်ကြောင့်နည်း။တစ်ကယ်ဆိုရင် တော်၀င်မိဖုရားကြီးသည်မိမိထက်ပင် လှပပြီးဆွဲဆောင်မှုရှိသောမိန်းမပျိုလေးဖြစ်လေသည်။
YOU ARE READING
အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း
Historical FictionWhat's going on with the Savage Male Empress Hantra! MAHARVERSE SEASON 1|| START DATE- September 8 2022 END DATE - June 23 2023