EPISODE (56)

7.5K 1K 41
                                    

Unicode
အဆက်မပြတ်မွေးဖွားတယ်!

"ဟယ်...နောက်တစ်ယောက်တဲ့တော့"

အထိန်းတော်တစ်ယောက်ကမနေနိုင်မထိုင်နိုင်နှုတ်မှထွက်၍ပြောမိသွားရာ ကျန်နန်းတွင်းသူများမှာပြုံးစိစိပင်ဖြစ်သွားတော့သည်။

"ကိုယ်လုပ်တော်ကသိပ်ကိုတော်တယ်လို့ပြောရမှာပဲနော်။အရှင့်ကို တော်၀င်သွေးသားလေးနှစ်ယောက်တောင်မွေးထုတ်ပေးတော့မယ်"

ဟန်တျာက ပြုံးကာပြောလိုက်တော့ ဧကရာဇ်က ဘူပိတ်နေသော အကြည့်ဖြင့်ကြည့်လိုက်သည်။ဧကရာဇ်အနေဖြင့် သူ၏ခန့်မှန်းမရသည့်ဧကရီလေး၏စိတ်နေစိတ်ထားအားလုံး၀လိုက်မမှီတော့ပေ။

တစ်ခေတ်တစ်ခါက သူ့ကို ပြိုင်ဆိုင်ပြီး အကြံကြီးခဲ့တဲ့မိန်းမတစ်ယောက်က ရင်သွေး‌တွေအများကြီးမွေးထုတ်မှာကို သူကပျော်နေတယ်.....။

ငါနားမလည်နိုင်တော့ဘူး။ငါ့ရဲ့ဇနီးလေးရဲ့ခေါင်းကိုတစ်ယောက်ယောက်လာပြီးပြုပြင်ပေးကြပါဦး။

ငါကလေးအဖေဖြစ်မယ့်သူတောင် သူ့လောက်ပျော်မနေဘူးလေ။

"အမ်....အင်း..အင်း..တော်တယ်..."

ဧကရာဇ်ကမချိပြုံး ပြုံးလိုက်ကာ ဟန်တျာ၏လက်ကလေးကိုဆုပ်ကိုင်လိုက်သည်။

မကြာမီအတွင်းဆောင်မှ အထိန်းတော်ကထွက်လာပြီး...။

"အရှင်နှစ်ပါးကိုလျှောက်တင်ပါသည်ဘုရား၊သမီးတော်လေးနဲ့သားတော်လေးကိုဖွားမြင်ကြောင်း"

"ဟေ့ အမလေး နောက်တစ်ယောက်ရှိသေးတယ်ဟေ့"

ထွက်လာသောအထိန်းတော်ကြီးပင်စကားကိုဆုံးအောင်ပြောလိုက်ရခင် အတွင်းထဲမှ အထိန်းတော်ကြီး၏အသံကထွက်လာရာ ပြင်ပမှလူများအားလုံးမျက်လုံးများပြူးသွားတော့သည်။

"သုံး...သုံးယောက်တောင်လား?"

ဧကရာဇ်ကထစ်အစွာမေးလိုက်သည်။

"အရှင်ကျွန်တော်မျိုးမကိုနန်းဆောင်အထဲကိုပြန်၀င်ခွင့်ပြုပါဦးဘုရား"

အပြင်ထွက်လာသောအထိန်းတော်ကြီးကအမြန်ပင်လျှောက်တင်ကာအတွင်းသို့ ပြန်ဝင်သွားတော့သည်။
ကလေးသုံးမွှာမွေးဖွားခြင်းအတွက် အတွင်းထဲမှ လက်သည်များဖြင့် လက်မလည်နိုင်သည်ကိုသူမသည်အတတ်သိသဖြင့် အထဲသို့အသည်းအသန်ပြန်၀င်သွားရခြင်းဖြစ်သည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now