[Unicode]
အဖြစ်အပျက်ကား ဤသို့တည်း။
လောလောလတ်လတ် missionပြီးထားတာမို့ Black Wolfဌာနမှ တပ်သားများကို အနားပေးကာ ရိန်းကိုယ်တိုင်လည်း အိမ်တော်မှာပဲ အေးအေးဆေးဆေး အနားယူလို့နေသည်။
ကြီးမားလှတဲ့အိပ်ရာပေါ်မှာ ပက်လက်လှဲအိပ်ရင်း
မျက်နှာကျက်ကိုမော့ကြည့်ကာ စိတ်ထဲ တစ်ခုခုလိုနေသလို တစ်စုံတစ်ယောက်ကို နှောင့်ယှက်ချင်လာသည်။"အဘိုးဘာလုပ်နေလဲမသိဘူး"
အိပ်နေရာကနေဝုန်းကနဲထရပ်ကာ တတိယထပ်မှာရှိတဲ့အဘိုးဖြစ်သူရဲ့ အလုပ်ခန်းဆီကို ဦးတည်ခဲ့တော့သည်။
ဂျော့ရှ်မှာ ရိန်းကိုမြင်တာနဲ့ မနက်တုန်းကအလုပ်လုပ်ဖို့ တက်ကြွနေတဲ့ စိတ်တွေတောင် ဘယ်ရောက်သွားလဲမသိတော့ပေ။
"ရိန်း...ဘာလာလုပ်တာလဲ...အဘိုးဒီမှာ အလုပ်ရှိသေးတယ် အယ်လ်ဗင် ဘယ်ရောက်သွားလဲ အယ်လ်ဗင်..."
"အဘိုးအော်နေလည်းဘာမှမထူးဘူး ကိုငယ်က မနက်တည်းကထွက်သွားတာ ခုထိပြန်မလာသေးဘူး"
"ဟာ ဒီကောင်..."
ရိန်းပြန်ဖြေရင်း လက်ကလည်းအငြိမ်မနေ။
အဘိုးဖြစ်သူရဲ့ အလုပ်ခန်းထဲက ပစ္စည်းတွေကို တစ်ခုမကျန် စူးစမ်းကိုင်တွယ်နေလေ၏။ဂျော့ရှ်မှာလည်း အကြပ်ရိုက်သွားရသည်။ ရိန်းသာဒီမှာဆက်နေရင် သူ့အလုပ်ခန်းထဲက အဖိုးတန်ပစ္စည်းလေးတွေတော့ ရစရာမရှိအောင် ကျိုးကြေပျက်စီးကုန်လိမ့်မည်။
လူအိုကြီးမှာ တစ်ခုခုကို ရုတ်တရက်သတိရသွားပြီး။
"ကလေး... မင်းရဲ့အစ်ကိုကြီးက မနက်က သူမသွားခင် လက်ဆောင်ထားပေးခဲ့တယ်...
အဲ့နားလေးကစားပွဲပေါ်မှာရှိတယ် ယူသွားပြီး
အခန်းထဲကောင်းကောင်းပြန်လိုက်တော့နော်"လူအိုကြီးခမျာ အလုပ်ခန်းထဲကနေ ရိန်းမြန်မြန်ထွက်အောင်ချော့မော့ပြီးနှင်လွှတ်နေရသည်။ မဟုတ်ရင် ဘာတစ်ခုမှအကောင်းအတိုင်း
ကျန်တော့မှာမဟုတ်ပေ။"လက်ဆောင်လား ကိုကြီးပေးခဲ့တာလား "
"အင်း အဲ့ဒါကြောင့် မြန်မြန်ယူပြီး ကိုယ့်အခန်းကိုယ်ပြန်တော့နော်..."

YOU ARE READING
Heart of Leona[completed]
Fiksi UmumMyanmar x Normal (Unicode+Zawgyi) 🌸Owncreation🌸 Total: 44 parts + 7 extra This story is just my imagination. Male Alpha x Female Alpha