Part-3

370 29 7
                                    

[Unicode]
"ကျစ်...ကျစ်...ငါ့ခေါင်း..."

"မောင်ငယ်...သတိရပြီလား"

ရိန်း သတိရလာတော့ ခေါင်းကိုက်ဝေဒနာက ဆီးကြိုနေလေသည်။ 'ငါအိပ်နေတာများကြာသွားလို့လား။'
အသံကြားရာကို လှမ်းကြည့်တော့ အမျိုးသမီး တစ်ယောက်။

"အစ်မ ဒါကဘယ်နေရာလဲ"

"မောင်ငယ့်ကို မောင်ကြီးဒီပ ကအိမ်ခေါ်လာခဲ့တာလေ၊ မောင်ငယ် မမှတ်မိဘူးထင်ရဲ့"

ဘယ်လိုမှတ်မိမှာတုံးဟ အခုမှနိုးတာပါဆို...

ရိန်းရဲ့ခေါင်းထဲမှာ မေးခွန်းတွေတန်းစီလို့နေသည်။
တစ်ခုခုမေးရန် ပြင်လိုက်စဥ်မှာပဲ...။

"သတိရလာတာကို တွေ့ရဲ့သားနဲ့ ကျုပ်နဲ့အဘကိုဘာလို့အရင်အသိမပေးရတာလဲ"

အသံလာရာကို လှမ်းကြည့်လိုက်တော့ သျှောင်ထုံးနှင့် အမျိုးသားတစ်ဦး။ ရိန်း ရဲ့ဘေးက အစ်မကြီးကို ပြောနေတာထင်၏။ ထိုသူကပဲဆက်ပြီး...။

"မိန်းမပျိုတစ်ဦးက သူစိမ်းယောကျ်ားတစ်ယောက်နဲ့ အခုလိုအရောတဝင်နေဖို့ မသင့်လျော်ဘူး၊
နောက်ကို ဆင်ခြင်ပါ"

"မောင်ငယ်က သတိရတာဖြင့် ကြာမှမကြာသေးပဲ၊ ထားပါလေ...ခင်ပဲ ဆင်ခြင်ပါ့မယ်"

ခင် ဟုခေါ်သော အမျိုးသမီးက ထိုနေရာမှ ထွက်ခွာသွားတော့သည်။ အခု ရိန်း နဲ့ မောင်ကြီးဒီပ ဟုယူဆရသည့်သူသာကျန်သည်။

"ညီငယ် ကအခုမှသတိရတာဆိုတော့
အနားယူဖို့လိုအပ်နေမှာပဲ၊ အေးအေးဆေးဆေး အနားယူပါ နေ့လယ်စာစားချိန်ကျ ကျုပ်လာခေါ်မယ်"

"ယောကျ်ားပျိုမဟုတ်ဘူး"

"ဟမ်"

"အမျိုးသမီးအယ်လ်ဖာပါ၊ ပထမလိင်က အမျိုးသမီး၊ ဒုတိယလိင်က အယ်လ်ဖာ၊ ယောကျ်ားလို့တိုက်ရိုက်မခေါ်နဲ့ အဲ့ဒါရိုင်းတယ်"

"ထူးထူးဆန်းဆန်းတွေ ပြောမနေဘဲ ပြန်အိပ်လိုက်ပါတော့"

ရှည်လျားစွာရှင်းပြပြီးသော်ငြား ထိုသူ့က အရူးတစ်ယောက်ကို တွေ့လိုက်ရသလို တုံ့ပြန်လိုက်သည်မို့ ရိန်းစိတ်ထဲ မချိတင်ကဲဖြစ်သွားရသည်။
ထိုသူ့စကားမှာ "မင်းခေါင်းထိထားတာလား" လို့ပင် မမေးရုံတမယ်။

Heart of Leona[completed]Where stories live. Discover now