Part-32

186 18 0
                                    

[Unicode]
နောက်တစ်နေ့တွင် ရိန်းတိုက်ခိုက်ရေးကွင်းထဲ ခြေလှမ်းအနည်းငယ်မျှလျှောက်ပြီးသည်နှင့်
ကျယ်လောင်သည့် မာန်ဖီသံအားကြားလိုက်ရသည်။

ရိန်း၏ မျက်လုံးများပြူးကျယ်သွားကာ အယ်လ်ဗင် အားလှမ်းမေးလိုက်သည်။

"အဲ့ဒါဘာလဲ"

"ညက လင်းနို့ဂူဘက်မှာ ဝံပုလွေရိုင်းတစ်ကောင်မိထားလို့ ဒီကိုယူလာတာတဲ့ ကိုငယ်တောင် ဒီမနက်မှသိရတာ"

"ရိန်းကြည့်ချင်တယ်"

"အပြင်ကနေတော့ကြည့်လို့ရမယ်နဲ့တူတယ် ဒီကောင်ကတအားရိုင်းနေတယ် ဘယ်သူမှ လှောင်အိမ်အနားမကပ်ရဲကြဘူး"

အယ်လ်ဗင်က အနီးနားမှ တပ်သားတစ်ယောက်အား လှောင်အိမ်ကိုယူလာရန် အချက်ပြလိုက်သည်။
ခဏအကြာ ကြီးမားခိုင်ခံ့သည့်လှောင်အိမ်ကြီးအား တင်ထားသည့် ကားတစ်စီး‌မှာ ကွင်းထဲသို့ ရောက်လာသည်။

ရိန်း လှောင်အိမ်ထဲသို့ လှမ်းကြည့်လိုက်ပြီး အံ့သြသည့်ဟန်ဖြစ်သွားသည်။

"Wtf...ဒီမှာရှိတဲ့ကောင်တွေထက်တောင် အကောင်ပိုကြီးနေသေးတာပဲ"

ဝံပုလွေရိုင်းမှာ ဒေါသတကြီးဖြင့် မာန်ဖီလိုက်သည်။ အယ်လ်ဗင်နှင့်တပ်သားတို့မှာ နားကိုပိတ်လိုက်မိသည်။

"လှောင်အိမ်ကို ဖွင့်လိုက်"

ရိန်း၏စကားကြောင့် လူတိုင်းလန့်သွားကြသည်။

"မဖြစ်ဘူးထင်တယ်နော်၊ ဒီကောင်က ကိုင်တွယ်ရတာလွယ်မယ့်ပုံမပေါ်ဘူး"

"ယဥ်ပါးအောင်လေ့ကျင့်ပေးရင်တော့ရမှာပါ၊ အဲလက်စ်ကိုပါခေါ်လိုက်"

အယ်လ်ဗင်လည်း ပြောမရတော့သည့်အဆုံး လှောင်အိမ်ကို ဖွင့်ရန်အချက်ပြလိုက်သည်။ မကြာခင်တွင် အဲလက်စ်ပါရောက်လာ၏။

"အကာအကွယ်စနစ်တွေဖွင့်လိုက်"

လှောင်အိမ်အား မြေပြင်ပေါ်သို့ချပြီး လှောင်အိမ်သယ်လာသည့်ကားပြန်ထွက်သွားသည်။
တိုက်ခိုက်ရေးကွင်း၏ ဝင်ပေါက်ရှိ သတ္တုတံခါးများအားလုံး အုန်းကနဲ တပြိုင်တည်းပိတ်ကျသွားပြီး လှောင်အိမ်လည်း ပွင့်သွား၏။

Heart of Leona[completed]Where stories live. Discover now