[Unicode]
ရိုလန် အခန်းတံခါးကို ခေါက်လိုက်တော့ ရိန်းက အထဲကနေ လှမ်းအော်လာ၏။"ထွက်သွား..."
"ဘေဘီ ကိုယ်တို့ခဏလောက် စကားပြောလို့ရမလား၊ ကိုယ်ဘေဘီ့ကို တစ်ယောက်တည်း ပစ်မထားနိုင်ဘူး"
အခန်းထဲက ခေတ္တမျှတိတ်ဆိတ်သွားပြီး ချောက်ကနဲ မြည်သံနှင့်အတူ အခန်းတံခါးပွင့်လာ၏။
အခန်းထဲဝင်လိုက်တော့ လေထုထဲတွင် အားကောင်းသည့် အယ်လ်ဖာဖယ်ရိုမုန်းနံ့များဖြင့် ပြည့်နှက်နေသည်။ရိုလန် ရိန်းအနားကပ်ထိုင်ရန် ပြင်လိုက်သည်နှင့် ရိန်းက သူ့ကိုဆတ်ကနဲမော့ကြည့်လာပြီး။
"ဝေးဝေးနေ"
"အာ အိုကေ"
ရိန်းကိုကြည့်ရတာ အဆင်မပြေပုံတော့ မရ။
ပေါက်ပေါက်ဘူးကိုပိုက်လျက် gameတစ်ခုကို အသည်းအသန်ကစားနေ၏။
ရိုလန် အချိန်ခဏလောက်တော့ ကြောင်အသွားမိသည်။ဆက်သွယ်ရေးကိရိယာအားပြန်ထုတ်ကာ
group chatထဲ စာတစ်စောင် ထပ်ပို့လိုက်သည်။[Roland:
rutဖြစ်နေတဲ့Alphaက အေးအေးလူလူထိုင်ပြီး gameကစားနေနိုင်လား][Rose: ဟမ်]
[Natan: ဟမ်]
[Roland:
အခန်းထဲပေးဝင်ပြီးတော့ ငါ့ကိုဝေးဝေးနေဖို့ပြောတယ်၊ သူကျ gameကစားနေတယ်][Rose:
အမ်း အဲ့ဒါဆိုရင်တော့ မင်းဘေဘီလေးက တော်တော်ကိုထိန်းချုပ်မှုအားကောင်းတယ်လို့ပြောရမယ်၊ အိုင်ဗန်ပြောတဲ့ပုံအရဆို Black Wolfက အယ်လ်ဖာတွေ အကုန်လုံးနီးပါး ထိန်းမနိုင် သိမ်းမရတွေဖြစ်နေတယ်ဆိုလားပဲ၊ ဒေစီ အခု အိုင်ဗန်ကို ဆက်သွယ်နေတာ ဆက်သွယ်လို့မရတော့ဘူး ဌာနမှာ အတော်လေး အလုပ်များနေတာဖြစ်မယ်][Roland:
အိုင်ဗန်က အီသန်နဲ့အတူရှိနေတာ မဟုတ်ဘူးလား၊ rutဖြစ်တဲ့ထဲ အီသန်လည်း ပါမှာပဲလေ][Natan: အိုး]
[Rose: အိုး]
ရိုလန် ဆက်သွယ်ရေး ကိရိယာကို ပိတ်ကာ ရိန်းကိုပြန်ကြည့်လိုက်သည်။
ရို့စ်ပြောသည့်အတိုင်းပင်။ ရိန်းရဲ့ထိန်းချုပ်မှုအားက အတော်လေးကောင်းတာတောင်မှ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ တွဲခိုနေ၏။
![](https://img.wattpad.com/cover/308521652-288-k65870.jpg)
YOU ARE READING
Heart of Leona[completed]
Fiksi UmumMyanmar x Normal (Unicode+Zawgyi) 🌸Owncreation🌸 Total: 44 parts + 7 extra This story is just my imagination. Male Alpha x Female Alpha