Part-40

195 20 2
                                    

[Unicode]
ရိုလန်ထွက်သွားတာ သုံးလနီးနီးပင်ရှိပြီဖြစ်သည်။
ရိုလန်က အလုပ်များကာ နားချိန်မရှိသလောက် နည်းသော်လည်း ခဏအနားရသည့် မိနစ်ပိုင်းလောက်အချိန်လေးတွင် ရိန်းကို ရအောင်ဆက်သွယ်လေ့ရှိသည်။

ဘာmissionကို လုပ်ဆောင်နေပြီး ဘယ်အချိန်မှ ပြန်ရောက်မယ်ဆိုသည်ကိုလည်း မည်သူမျှမသိကြချေ။ ရိန်းလည်း ကိုယ့်နယ်မြေက ကိစ္စမဟုတ်သဖြင့် မေးမနေတော့ပေ။

ရက်ပေါင်းများစွာ ကြာသည့်တိုင် ရိုလန်မှာ ပြန်မရောက်လာခဲ့ပေ။ ယခုဆိုလျှင် ခြောက်လတိတိရှိပြီဖြစ်သည်။

လွန်ခဲ့သော တစ်လခန့်မှစ၍ ရိုလန်မှာ ရိန်းကိုရော ဌာနချုပ်ကိုပါ လုံးဝဆက်သွယ်လာခြင်းမရှိ‌တော့ပေ။
အကြီးအကဲများ လွန်စွာထိတ်လန့်ကုန်ကြပြီး ထိုနယ်မြေအား မောင်းသူမဲ့ယာဥ်ပျံအသေးစား လေးများဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

Blue Falcon စခန်းသို့ မရောက်မီတွင်ပင် ယာဥ်ပျံ များမှာ တစ်စုံတစ်ခုထံမှ ပစ်ချခြင်းခံရပြီး ပျက်စီးကုန်ကာ ဌာနချုပ်သို့ ပြန်ရောက်မလာပေ။ လေညှင်းတောင်ကြားသည်လည်း ယခင်ကဲ့သို့မဟုတ်တော့ဘဲ အဆိပ်ငွေ့ကဲ့သို့ အရာများ ဖုံးလွှမ်းနေသည်ကို တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် အကြီးအကဲများက Blue Falconတပ်စခန်းတစ်ခုလုံး ကျဆုံးသွားပြီ ဟုသာ အတည်ပြုခဲ့သည်။
ခေါင်းဆောင်များအား အရေးပေါ်အစည်းအဝေးခေါ်ကာ Blue Falcon ကျဆုံးကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အစည်းအဝေးခန်းမကျယ်ထဲတွင် ရိန်း၏ အသံမှာ ဟိန်းထွက်သွားသည်။

"Captain Leona Lorraine စစ်ဆေးရေး အဖွဲ့တွေက မဖြစ်နိုင်ဘဲနဲ့ ပြောပါ့မလား"

"စစ်ဆေးရေးအဖွဲ့တွေတစ်ခုခုလွဲနေတာလည်း ဖြစ်နိုင်တာပဲ"

"စကားပြောဆင်ခြင်ပေးပါ Captain၊ ဒီအဆိပ်ငွေ့ ပမာဏနဲ့ဆို ဘယ်လိုလူကမှ အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး"

" အဲ့ဒါဆိုရင် Blue Falcon တကယ်ကျဆုံးသွားပြီဖြစ်ကြောင်း ဘယ်လိုသက်သေပြနိုင်ပါသလဲ၊ ဒီအဆိပ်ငွေ့ကြောင့် သေဆုံးသွားရတဲ့ Blue Falconတပ်သားတွေရဲ့ ရုပ်အလောင်းကိုပြနိုင်ရင်တော့ ယုံကြည်ပေးပါ့မယ်"

Heart of Leona[completed]Where stories live. Discover now