[Unicode]
ဒီပမှာ သူပြောချင်တာပြောပြီး ဆင်းသွားသည်မို့
ရိန်းလည်း မယောင်မလည်နှင့် မီးဖိုချောင်ထဲ လိုက်ဝင်သွားလေသည်။ရွှေစာနှင့်ခင်မှာ အလွန်ရင်းနှီးဟန်ရှိသည်။
စကားတပြောပြောနှင့် ဟင်းချက်ရန်ပြင်ဆင်နေကြ
သည်။ တစ်ခါတစ်ရံ တွန်းထိုးစနောက်ကာ ရယ်မောနေကြသည်။ထိုစဥ်....
"ဟေ့ ညီငယ်၊ မိန်းမပျိုလေးတွေပဲ ရှိတဲ့နေရာမှာ ယောင်လည်လည်နဲ့ ဘာလုပ်နေတာလဲ၊
အားနေရင်လည်း ကျုပ်ကို လာအဖော်ပြုချည်။ ကျုပ်ယောက်တည်း အလုပ်လုပ်ရတာ ပျင်းစရာကောင်းတယ်""ဟာ...မလာချင်ပါဘူး အောက်မှာကနေပူတယ်၊ ကျွန်တော့်အသားတွေနေလောင်ကုန်ရင် ဘယ်လိုလုပ်မလဲ"
"အရိပ်ရတဲ့နေရာရှိတယ်လေ လာသာလာခဲ့စမ်းပါ့"
ဒီပမှာ သူနွားစာစဥ်းနေသည့် အနားရှိ သရက်ပင်၏ အရိပ်တွင်ရိန်းအားထိုင်စေသည်။
"ဒီမှာ နေပြီးဘာလုပ်ရမှာတုန်း၊ အစ်ကို့ကိုထိုင်ကြည့်ရမှာလား"
ရိန်း၏အမေးကြောင့် ဒီပ ဖြေရခက်သွားသည်။ ဘာလို့ခေါ်လာလဲ သူ့ကိုယ်သူလည်းမသိပေ။
သေချာတာကတော့ ရိန်းနှင့် ရွှေစာ တို့ ရင်းနှီးသွားမည်စိုး၍ အကြောင်းမရှိ အကြောင်းရှာ ကာခေါ်ထုတ်လာခြင်း။
"ထားပါတော့... အခုက ဘာလုပ်နေတာလဲ"
"နွားစာစဥ်းနေတာ"
"နွားစာကဘာလုပ်ဖို့လဲ"
"ဘာလုပ်ရမှာလဲ နွားစာပါဆို နွားမကျွေးလို့ ကျုပ်စားရမှာလား"
ဒီပ စိတ်မရှည်တော့ပေ။ ဒီကလေးက ဘာမှမသိအောင်ကို ပိန်းလွန်းလှသည်။
ရိန်းမှာတော့ အူကြောင်ကြောင်မျက်နှာပေးနှင့်။
ဒီပ ပြောစရာစကားမဲ့သွားရချေသည်။
'ခေါ်လာမိတာမှားပြီထင်တယ်'ရိန်းလည်း ဒီပစကားအတိုင်း သရက်ပင် ပင်စည်အား မှီကာ ငြိမ်ငြိမ်သာထိုင်နေလေသည်။
ထိုစဥ် ရွှေစာနှင့်ခင်ရောက်လာကာ...
"မောင်ကြီး...ခင် ရွှေစာ့ကိုပြန်လိုက်ပို့ချည်ဦးမယ်၊ ဟင်းတွေကတော့ကျက်
ပြီ၊ မောင်ငယ်လေးဗိုက်ဆာရင် ခူးခပ်သာ စားချည်၊ ခင်ကတော့ ရွှေစာ့အိမ်မှာပဲ စားဖြစ်မယ်"

YOU ARE READING
Heart of Leona[completed]
General FictionMyanmar x Normal (Unicode+Zawgyi) 🌸Owncreation🌸 Total: 44 parts + 7 extra This story is just my imagination. Male Alpha x Female Alpha