Part-18

229 22 0
                                    

[Unicode]
ဒီပ မှာ အဖျားရှိန်ကြောင့် နောက်တစ်နေ့မနက်ထိ အိပ်ရာမှမထနိုင်သေး။

"မနေ့ကလောက်တော့မပူတော့ဘူး"

ရိန်းသည် ဒီပနဖူးပေါ် လက်တင်ကာစမ်းရင်း ပြောလိုက်ခြင်းဖြစ်သည်။
ဆန်ပြုတ်ပန်းကန်ကို ဒီပအားပေးလိုက်သည်။

"ခွံ့ကျွေး"

"ကိုယ့်ဘာသာစားတတ်နေတာပဲဟာ"

ဒီပမှာ မျက်နှာငယ်လေးနှင့် အတင်းခွံ့ကျွေးခိုင်းနေ လေသည်။

"ကလေး ကိုယ်တိုင်မကျွေးရင် ကိုယ်မစားဘူး "

"ဘယ်တုန်းက ဒီလောက် ပြောရဆိုရခက် သွားတာလဲ"

"မနေ့ညကပဲ"

ရိန်းလည်း ထိုလူ့အား ထုရိုက်ပစ်ချင်စိတ်ကို ချုပ်ထိန်းကာ ဆန်ပြုတ်ကိုသာ ကုန်အောင်တိုက်ရ သည်။ ဆေးလည်းတိုက်ပြီးပြီမို့ သွားရန်ပြင်လိုက်သည်။

သို့သော် ဒီပမှ သူ့လက်အားဆွဲကာ...

"ကိုယ့်နားမှာနေ"

"ဘယ်အချိန်ထိရစ်နေဦးမှာလဲ"

"ကိုယ့်ဇနီးလေး ကိုယ့်ကိုပြန်မချစ်မချင်း"

"စိတ်မကောင်းပါဘူး၊ ရိန်းအနေနဲ့ အိုမီဂါတစ်ယောက်ကိုပဲ လက်ထပ်နိုင်လိမ့်မယ်"

ဒီပ ခေတ္တမျှစဥ်းစားလိုက်ပြီး။

"ကိုယ်မင်းအတွက် အိုမီဂါဖြစ်ပေးနိုင်ပါတယ်"

ရိန်းသဘောတကျရယ်လိုက်ပြီး။

"အိုမီဂါ ဆိုတာ ဘာလဲသိလား"

"မသိဘူး၊ ဒါပေမယ့် ယိမ်းက အိုမီဂါကို အတော်လေး သဘောကျပုံရလို့"

ဘာကြောင့်ရယ်မသိ ရိန်းစိတ်ထဲ နွေးထွေးသွားသလို ခံစားလိုက်ရသည်။
ကူကယ်ရာမဲ့စွာရယ်မောလိုက်ရင်း။

"အစ်ကို့ပုံနဲ့ အိုမီဂါမဖြစ်နိုင်လောက်ဘူး၊ အယ်လ်ဖာတောင်မှ ထိပ်တန်းအယ်လ်ဖာလောက် ဖြစ်ချင်ဖြစ်နိုင်တယ်"

ဒီပကို စနောက်လိုက်ပြီး ဆန်ပြုတ်ပန်းကန်အား သိမ်းဆည်းကာ အခန်းထဲမှ ထွက်ခဲ့လိုက်သည်။
သူသာdataအစိတ်အပိုင်းတစ်ခုနဲ့ လက်ထပ်ရင် သူ့ဆွေမျိုးတွေ မျက်ရည်ကျရလိမ့်မည်။

Heart of Leona[completed]Where stories live. Discover now