[Unicode]
[system- 5လတောင်ရှိသွားပြီ ][အင်း....အချိန်တွေကုန်တာမြန်လိုက်တာ]
[system-ရိန်းနဲ့မတွေ့ရတာ ကြာတော့ လွမ်းသလိုလိုတော့ရှိသား]
[တော်စမ်းပါ၊ကိုငယ်သွားဒိတ်နေတာ မသိဘူး လို့များထင်နေတာလား]
[system-ဘယ်လိုသိတာလဲ]
[ကိုယ့်အစ်ကိုအကြောင်းကိုယ်အသိဆုံးပါ၊
ဒီတစ်ခါတော့ကြာသလိုပဲနော် ဘယ်လိုလဲ တွဲဖြစ်နေပြီလား][system-အဲ့လိုပဲပြောရမှာပေါ့]
[ဘယ်သူလဲ၊ဘယ်ကလဲ၊ ဘာအလုပ်လုပ်လဲ၊ အယ်လ်ဖာလား၊ဘီတာလား၊အိုမီဂါလား၊ ယောကျ်ားလေးလား၊ မိန်းကလေးလား]
[system- မေးခွန်းတွေက များလိုက်တာ]
[ကိုကိုက အခုမှ ရည်းစားထားဖူးတာဆိုတော့ သိချင်စိတ်ဖြစ်သွားလို့]
[system-outပြီ]
[အယ်]
တီ...တီ...တီ...
"ညီငယ် ကျုပ်ခေါ်နေတာဖြင့် ကြာလှနေပြီ ပြုံးစစနဲ့ ဘာများတွေးနေတာလဲ"
ဟင်းရွက်ရွေးနေတဲ့ ရွှေစာနှင့် ခင် ဘေးမှာ တိုင်ကိုမှီထိုင်ကာ အယ်လ်ဗင့်အကြောင်းတွေးရင်း
ပြုံးစိစိလုပ်နေတဲ့ ရိန်း ဒီပအသံကြားမှပဲ သတိဝင်လာလေသည်။"သြော်.. ကျွန်တော်အတွေးလွန်နေလို့ မကြားလိုက်တာ"
"ကျုပ်သုတတို့အိမ်ဘက် ခဏသွားဦးမလို့၊ အဲ့ဒါ လိုက်ချင်လား"
"မလိုက်တော့ဘူး ဒီနေ့တော့ အိမ်မှာပဲနေခဲ့တော့မယ်"
ဒီပလည်း ခေါင်းသာညိတ်ပြပြီး သုတ တို့အိမ်ဘက် တစ်ယောက်တည်း ထွက်လာခဲ့တော့သည်။
ဒီပ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ငွေစန္ဒာ ရောက်လာလေသည်။"ယိမ်း..."
အိမ်နောက်တွင် ထိုင်နေသောရိန်းအား ငွေစန္ဒာမှ လှမ်းအော်လိုက်ခြင်းဖြစ်သည်။
ရိန်းမှာ အိမ်အရှေ့ဘက် သို့သွားရန် ထလိုက်သည်။ သို့သော် ရိန်း၏
လက်အား ရွှေစာမှလှမ်းဆွဲကာ ခေါင်းယမ်းပြ
လေသည်။ရိန်းသည် ရွှေစာအား ဘာမှမပြောတော့ဘဲ ငွေစန္ဒာရှိရာသို့လာခဲ့လေသည်။
ငွေစန္ဒာက အိမ်အရှေ့ဘက်ရှိ မန်ကျည်းပင်ရိပ်က ကွပ်ပျစ်ဘေးတွင် ရပ်နေ၏။

YOU ARE READING
Heart of Leona[completed]
General FictionMyanmar x Normal (Unicode+Zawgyi) 🌸Owncreation🌸 Total: 44 parts + 7 extra This story is just my imagination. Male Alpha x Female Alpha