Part-15

223 18 2
                                    

[Unicode]
မနက်အိပ်ရာနိုးသည်နှင့် ဒီပ မျက်လုံးများ ကျိန်းစပ်နေခဲ့သည်။
နိုးနိုးချင်းပင် အိမ်လယ်ခန်းမှ လူအများစကားပြော သံကိုကြားလိုက်ရသည်။

ဒီပ နိုးသည့်အချိန်မှာ နောက်ကျနေပြီဟု ပြော၍ရသည်။
အိပ်ရာမှ ‌ထကာ ရေစည်ထဲမှ ရေအေးအေးဖြင့် မျက်နှာအား သန့်စင်လိုက်သည်။

မနက်စာအား အနည်းငယ်မျှသာစားပြီး အဝတ်အစားသစ်တစ်စုံအား ထုတ်ယူလိုက်၏။

ကာလသားများက တစ်စု ၊ မိန်းမပျိုလေးများက တစ်စု ၊ လူကြီးများက တစ်စု ဖြင့်သီးသန့်ထိုင်ကာ စကားဆိုနေကြသည်။

သို့သော် လူအုပ်အကြားမှ ကွဲထွက်ပြီး နံရံထောင့်တွင် ကပ်ထိုင်နေသည့် တစ်ဦးတည်းသော သူက ဒီပ ၏ အာရုံအား ဖမ်းစားသွားတော့သည်။

ထိုသူသည် ကြမ်းပြင်ပေါ်တွင် ခြေထောက်တစ်‌ဖက်ကိုဆန့်ကာ ဒူးတစ်ဖက်ထောင်လျက် ထောင်ထားသော ဒူးပေါ်တွင် လက်တစ်ဖက်တင်ပြီး ခေါင်းငုံ့ကာ ထိုင်နေလေသည်။

ဆံပင်ရှည်များမှာ စည်းနှောင်ထားခြင်းမရှိဘဲ ဝဲကျနေပြီး သူ၏မျက်နှာအား မမြင်ရပေ။

မျက်နှာမမြင်ရသော်လည်း ဒီပ ကောင်းကောင်း မှတ်မိပါ၏။
ဒီပမှာ သုတနှင့်ရသရှိရာ ကာလသားအုပ်စုထဲ ဝင်ထိုင်ကာ အာရုံကတော့ တစ်ဦးတည်းသော သူအပေါ်တွင်ကျရောက်နေပေသည်။

သေချာကြည့်မိတော့မှ ထိုသူ၏ လက်များမှာ ညစ်ပေနေပြီး ဖြူနုနေသော ခြေထောက်များမှာလည်း ထိုနည်းတူစွာ။

ထိုစဥ် သူရိယမှ ဆိုလေသည်။

"ရောင်းရင်းဒီပ...သတို့သမီးလောင်းအဖြစ် လူကြီးများ လျာထားတာကတော့ ငွေစန္ဒာတဲ့လေ၊ ရောင်းရင်းဒီပ သဘောကျ နှစ်သက်တဲ့သူ ရှိရင်လည်း ရွေးချယ်လို့ ရပါတယ်တဲ့၊ သို့ပေမယ့် သူကြီးကတော် အလောင်းအလျာက မိန်းမပျိုတစ်ဦးသာဖြစ်ဖို့ လူကြီးတွေက ဆိုကြလေတယ် "

ရိန်းနှင့်ဒီပ၏ အခြေအနေအား ရိပ်စားမိသည့် လူကြီးများက နောက်ဆုံးအချက်ကို ဖြည့်စွက်လိုက်ကြခြင်းပင်။

အဖေဖြစ်သည့် ဦးဥာဏ်အားလှမ်းကြည့်တော့ ဦးဥာဏ် ကလည်း သူ့ကိုစိတ်မကောင်းသည့်ဟန်ဖြင့် ကြည့်နေလေသည်။

Heart of Leona[completed]Where stories live. Discover now