[Unicode]
လမ်းမှာ ငွေစန္ဒာကြောင့် အချိန်ကြာသွားသည်မို့ ယာထဲကို နောက်ကျမှရောက်ခဲ့ကြသည်။ယာကတော့ အလုပ်သမားများစွာရှိသည်မို့ အသေးစိတ်လိုက်ကြည့်ရန်မလို။
ရိန်းတို့ရောက်တော့ သုတနှင့်ရသတောင် သူတို့ယာထဲရောက်နေပြီဖြစ်သည်။
"ဒီနေရာကစ ဟိုးနေရာအဆုံးက ကျုပ်တို့ယာပဲ"
ဒီပက သူတို့ရပ်နေသည့် နေရာမှစ၍ အဝေးတစ်နေရာအားညွှန်ပြရင်းဆိုလေသည်။ သူကြီး၏ယာမို့ထင်သည်။ လမ်းမှာတွေ့ခဲ့တဲ့တခြား ယာတွေထက်ကို ပိုကျယ်သည်။
"ဟိုးကလှမ်းမြင်နေရတဲ့ယာကတော့ ကျုပ်ရဲ့ရောင်းရင်း သုတနဲ့ရသတို့ ပိုင်တယ်"
ဒီပက သူ၏ယာ ဘေးကပ်လျက်တွင်ရှိသော ယာကွက်အား ညွှန်ပြရင်း ဆိုသည်။
ရွာ၏မျက်နှာဖုံးသူဌေးသားများဖြစ်သော သုတနှင့်ရသတို့ပိုင်သောယာသည်လည်းကျယ်ပြန့်လှသည်။
"ဗျို့...ရောင်းရင်းဒီပ၊ ယိမ်းကိုပါ တစ်ပါတည်း ခေါ်ခဲ့တာလား"
"ဟုတ်ပါ့ဗျာ"
သုတနှင့်ရသက ရိန်းအား နှုတ်ဆက်ကာ ဒီပနှင့် ပဲအကြောင်း၊နှမ်းအကြောင်းပြောဆိုနေကြ
လေသည်။
ရိန်းကတော့ စိတ်မဝင်စားသည်မို့ ပတ်ဝန်းကျင်ကို စူးစမ်းနေလိုက်သည်။နေ့လယ်စာစားချိန်၌ ထမင်းထုပ်များအားဖွင့်ကာ ယာထဲရှိတဲပေါ်တွင် လေးယောက်သားထိုင်၍ နေ့လယ်စာ စားကြ၏။
ထိုစဥ် ငွေစန္ဒာရောက်လာကာ...။"မောင်ကြီးဒီပ နေ့လယ်စာစားချိန် အမှီစန္ဒာအရောက်လာခဲ့တာ"
ဒီပ၏ မျက်နှာအား ရိန်းလှမ်းကြည့်လိုက်ရာ စိတ်ရှုပ်ဟန် သဘောမကျဟန်ပေါ်နေလေသည်။
သူရိယနှင့်ရသမှာလည်း ဒီပကဲ့သို့ပင် မျက်နှာများ ရှုံတွကာ အလိုမကျလျက်။'ဒီမိန်းမ တော်တော်လူချစ်လူခင်များတဲ့ပုံပဲ'
ရိန်း စိတ်ထဲ၌ရေရွတ်လိုက်သည်။
"ငွေစန္ဒာရယ်၊ ယောကျ်ားသားတွေချည်းရှိတဲ့ တဲပေါ်တက်ပြီး ဘာလို့ပိုင်စိုးပိုင်နင်း ပြုနေရလဲ"

YOU ARE READING
Heart of Leona[completed]
Художественная прозаMyanmar x Normal (Unicode+Zawgyi) 🌸Owncreation🌸 Total: 44 parts + 7 extra This story is just my imagination. Male Alpha x Female Alpha