[Unicode]
တစ်ခုသော မနက်ခင်းတွင် ရိုလန်လည်ပင်းပေါ်က ခရမ်းပုပ်ရောင်သမ်းနေပြီဖြစ်သည့် သွားရာကြီးအား ကြည့်ကာ ရိန်းတစ်ယောက် ရှိုက်ကြီးတငင် ငိုကြွေးနေ၏။တစ်ခါမှမငိုဖူးတဲ့ ရိန်းက အခုလို အသည်းအသန်ငိုနေတော့ ရိုလန်ခမျာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေရှာသည်။
"အဲ့ဒါကြောင့်မို့ ဝေးဝေးနေပါ ပြောတာကို"
"မငိုပါနဲ့ ဘေဘီကလည်း၊ ကိုယ်မနာပါဘူးဆို"
"ဒီလောက်အနက်ကြီးကို မနာဘဲနေမလား"
သူ့လည်ပင်းပေါ်က သွားရာကို လက်ညှိုးထိုးကာ ပြောလာသည့် ရိန်းကြောင့် ရိုလန်ပြုံးလိုက်မိ၏။
ရိန်းရဲ့လက်ကိုဆွဲယူကာ ရိန်းကိုပါဖက်လိုက်ရင်း။"တကယ်မနာပါဘူး ဘေဘီရဲ့၊ ဒီမှာကြည့်ပါလား သွားရာလေးက ညီညီလေးနဲ့ ချစ်စရာလေး"
"အူးဝါး...."
ပြောခါမှ အသံကုန်ဟစ်ကာ အော်ငိုလာသည့် ရိန်းကြောင့် ရိုလန် ပိုအကြပ်ရိုက်သွားရသည်။
"အာ ဒီလိုလုပ် နောက်ကျရင် ကိုယ်လည်း ဘေဘီ့ကိုပြန်ကိုက်လိုက်မယ်၊ အဲ့ဒါဆို ကြေသွားပြီလေ"
"အဲ့လိုရလား"
"အင်း ရတယ်"
ထိုအခါမှ ရိန်းက မျက်ရည်များအားသုတ်လိုက်ကာ လိမ်လိမ်မာမာနှင့် ပြန်ထိုင်နေ၏။
နှစ်ယောက်သား ညှိနှိုင်းနေကြတုန်း အပြင်ဘက်မှ တံခါးခေါက်သံအား ကြားလိုက်ရသည်။တံခါးဖွင့်လိုက်တော့ အီသန်။
"အီသန် ဘာကိစ္စရှိလို့လဲ၊ အထဲလာလေ"
"အာ အကြီးအကဲ၊ ငိုထားတာလား"
"ဟမ် မငိုပါဘူး၊ ငါကဘာလို့ငိုရမှာလဲ ၊ ဘယ်သူကငိုလို့လဲ"
ရိန်းက မျက်နှာပြောင်စွာနှင့်ပဲ ဗြောင်လိမ်ပစ်လိုက်သည်။
အီသန်ကလည်း အလိုက်တသိပင် ဆက်မမေးတော့ဘဲ အိတ်ကပ်ထဲမှ စာအိတ်တစ်အိတ်ထုတ်ပေးလာ၏။"ဘာကြီးလဲ"
"မင်္ဂလာဆောင်ဖိတ်စာ"
စာအိတ်ပေါ်တွင် ရေးထားသည့် Ethan & Ivan ဟူသည့်စာလုံးကြောင့် ရိုလန်ရော ရိန်းပါ အံ့သြဆွံ့အသွားကြသည်။
ရိန်းက အပြင်ဘက်ကိုလှမ်းကြည့်လိုက်ပြီး။
YOU ARE READING
Heart of Leona[completed]
General FictionMyanmar x Normal (Unicode+Zawgyi) 🌸Owncreation🌸 Total: 44 parts + 7 extra This story is just my imagination. Male Alpha x Female Alpha