Part-43

241 21 0
                                        

[Unicode]
Leona အိမ်တော်၏ နောက်ထပ်မြေးတစ်ယောက် ကို အင်ပါယာတစ်ခုလုံးသိအောင် ကြေငြာခဲ့သည်။ ထိုသူက White Lion Captainဖြစ်ပြီး Alphaတစ်ယောက်ဖြစ်သည့်အပြင် ရုပ်ရည်အားဖြင့် ရိန်းနှင့်ဆင်တူကာ ပယင်းရောင်မျက်လုံးများရှိသည် ဟူသည့်သတင်းကြောင့် ရင်းမှာ လတ်တလော အိုမီဂါများနှင့် ဘီတာအမျိုးသမီးများကြား အတော်လေး နာမည်ကြီးလျက်ရှိနေပေ၏။

ရိုလန်လည်း သက်သာလာပြီဖြစ်တာကြောင့် ဒီနေ့ပဲ ဆေးရုံကဆင်းလာခဲ့သည်။ခွင့်ရက်ရှည် ရထားသည်မို့ အိမ်တွင် တစ်ပတ်ခန့် အနားယူပြီးနောက် Sမြို့တော်ဆီက ဟာလေနှင့် မေရီ ထံသွားရန် တိုင်ပင်နေကြ၏။

"ဒီတစ်ခါ ကိုငယ်လည်း လိုက်မယ်ထင်တယ်"

"အယ်လ်ဗင်ကိုခေါ်ရင် နေသန်ကိုပါခေါ်မှပဲ၊ သူလည်း အရင်တည်းက ကိုယ့်ဇာတိမြို့ကို လိုက်လည်ချင်နေတာ"

နှစ်ယောက်သား တိုင်ပင်ပြီး အယ်လ်ဗင်ရှိနေမည်ဟု ယူဆရသည့် နေသန်၏ သုတေသနဌာန ဘက်သို့ ထွက်လာခဲ့ကြသည်။

ထင်တဲ့အတိုင်းပင် အယ်လ်ဗင်က နေသန်၏ အလုပ်ခန်းထဲ၌ အခန့်သား။

"ရိန်းတို့ လာမယ့်စနေနေ့ကျ Sမြို့တော် သွားမလို့၊ အဲ့ဒါ ကိုငယ်နဲ့နေသန်ရော လိုက်ခဲ့ချင်လား"

အယ်လ်ဗင်က နေသန်အား တစ်ချက်လှမ်းကြည့်လိုက်ပြီး။

"နေသန် မင်းသဘောကရော"

"အလုပ်ကိစ္စတွေ အချိန်မီအပြီးသတ်ပြီးရင်တော့ လိုက်လို့ရပါတယ်၊ သိပ်မကျန်တော့ဘူး သန်ဘက်ခါဆိုပြီးပြီ၊ မင်းတို့က စနေနေ့သွားမှာဆိုတော့ နောက်ထပ်4ရက်တောင် အချိန်ရသေးတာပဲ"

နေသန်က ပြောရင်းဆိုရင်းဖြင့် ရိုလန်အား လှမ်းကြည့်လိုက်ပြီး။

"ဒါနဲ့ ရို့စ်ရော၊ ရို့စ်ကိုမခေါ်တော့ဘူးလား၊ သူလည်း အရင်တစ်ခါက group chatထဲမှာ Sမြို့တော် သွားချင်တယ်လို့ ပြောထားသလားလို့"

"ဆေးရုံက ခွင့်ရက်တင်မရသေးလို့ မလိုက်တော့ဘူးတဲ့"

"သြော်..."

သုတေသနဌာနမှ ပြန်လာပြီးနောက် ရိန်းက စျေးဝယ်စင်တာဘက်ပတ်လိုက်၏။
အလိုက်သိသော ချွေးမလေးက သူ့ယောက္ခမများ ဘာကိုကြိုက်တယ်ဆိုတာ အရင်တစ်ခါတည်းက မှတ်သားထားပြီးသားပင်။

Heart of Leona[completed]Where stories live. Discover now