Part-31

199 22 2
                                    

[Unicode]
"ဘေဘီ ခုထိမအိပ်သေးဘူးလား"

ရိုလန်က ညအိပ်ဝတ်အင်္ကျီအပါးလေးကို ထိုင်ရင်း ကြယ်သီးတပ်နေတာဖြစ်သည်။
အပေါ်ပိုင်းပဲတပ်ရသေးတာမို့ အောက်ပိုင်းက လွတ်နေကာ ဖုထစ်နေသည့်ဝမ်းဗိုက်ကြွက်သား အမြောင်းလိုက်ကို မြင်နေရသည်။

ရိန်းမျက်နှာနီရဲသွားကာ တစ်ဖက်သို့ လှည့်လိုက်သည်။

" ဘာလို့အဝတ်လဲခန်းထဲမှာ တစ်ခါတည်းပြီးအောင် မတပ်လာခဲ့တာလဲ"

ရိန်း၏ အရှက်သည်းနေသည့်ပုံကြောင့် ရိုလန် စနောက်ချင်လာသည်။

ထို့ကြောင့် တပ်လက်စ ကြယ်သီးကို ဆက်မတပ်တော့ဘဲ တပ်ပြီးသားကြယ်သီးတွေကိုပါ ပြန်ဖြုတ်ကာ အင်္ကျီကိုချွတ်လိုက်သည်။

ရိုလန်ဆီက ဘာတုံ့ပြန်သံမှမကြားသည်မို့ ရိန်းလည်း အနောက်ကိုလှည့်ကြည့်လိုက်သည်။

ရိုလန်က အင်္ကျီကို လက်ထဲတွင်ကိုင်ကာ ကုတင်ဘေးတွင် မတ်တပ်ရပ်နေသည်။
တောင့်တင်းခိုင်မာသည့်လက်မောင်းကြွက်သားများနှင့် ဖုထစ်နေသည့် ဝမ်းဗိုက်ကြွက်သားများက မြင်ရသူအပေါင်း နှာခေါင်းသွေးယိုစေနိုင်သည်။
ချောမောခန့်ညားသည့် မျက်နှာနှင့် ပေါင်းစပ်လိုက်တော့ ပြည့်စုံသွားသည်။

"ဘယ်လိုလဲ ဘေဘီ ကိုယ်ဆွဲဆောင်မှုရှိရဲ့လား"

"ဘာလဲ ဒီဟာတွေကိုပြောတာလား"

ရိန်းက ရိုလန်၏ ဝမ်းဗိုက်ကြွက်သားတွေကို လက်ညှိုးထိုးပြီး ပြန်ပြောလိုက်ခြင်းဖြစ်သည်။

ရိုလန်က ရိန်းကိုသာ မရှင်းမလင်းမျက်နှာပေးနှင့် စိုက်ကြည့်နေဆဲ။
ရိန်းက ကုတင်ပေါ်မှနေရင်း ဝုန်းကနဲထရပ်လိုက်သည်။

"အဲ့လောက်ကတော့ ငါ့မှာလည်းရှိတယ်"

ရိန်းက ပြောရင်းဆိုရင်း ညဝတ်အင်္ကျီကိုဆွဲချွတ်လိုက်၏။
ရိန်းရဲ့ဝမ်းဗိုက်ကြွက်သားတွေက ရိုလန်လို ဖုထစ်နေတာတော့မဟုတ်ပေမယ့် သူ့ဟာနဲ့သူ ကြည့်ကောင်းတဲ့ထဲပါသည်။
ပြီးတော့ ပြီးတော့....။

ရိန်းမျက်နှာထက်၌ 'ငါလည်းမင်းထက်မသာရင်တောင် မလျော့ဘူးကွ' ဆိုသည့် ဟန်ပန်မျိုးရှိနေစဥ်တွင် ရိုလန်နှာခေါင်းထဲ၌ သွေးများစီးကျလာသည်ကို မြင်လိုက်ရ၏။

Heart of Leona[completed]Where stories live. Discover now