Extra-3

163 17 0
                                    

[Unicode]
(Rose & Daisy)

ရို့စ်က သူနဲ့ဒေစီရိုက်ထားတဲ့ ဆယ်လ်ဖီပုံအား group chatထဲ ပို့ပြီး ပြုံးဖြီးဖြီးဖြစ်နေ၏။
သူတို့ကိုခွေးစာကျွေးဖို့ကြံသည့် နေသန်အား ခွေးစာပြန်ကျွေးရသည်မှာလည်း အရသာတစ်မျိုးပင်။

ဒေစီရဲ့ ဗိုက်ကလေးကလည်း တဖြည်းဖြည်း ပူလာပြီဖြစ်သည်။
ပန်းခြံထဲက ခုံတန်းရှည်တွင် ထိုင်နေရင်း ရို့စ်က ဒေစီရဲ့ဗိုက်အား ခပ်ဖွဖွလေးပွတ်သပ်လိုက်ပြီး။

"ကလေးလေးရေ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာရမယ်နော်"

ဒေစီက သဘောကျစွာရယ်မောလိုက်ပြီး။

"ကလေးလေးက ခေါက်ဆွဲစားရရင် ပိုကျန်းမာမယ်တဲ့"

"မရဘူး အချစ်ရေ၊ အခုတော့ အဲ့ဒါတွေ စားလို့မဖြစ်သေးဘူး"

"နည်းနည်းပဲလေ နော်"

"ကိုယ်က ကလေးလေးကို ထိခိုက်မှာစိုးလို့ပြောတာ၊ မဆိုးနဲ့"

"ဟွန့်"

ဒေစီကတော့ တစ်ဖက်သို့လှည့်ကာ ဆူပုပ်ရင်း စိတ်ကောက်သွားလေပြီ။

"အချစ်ရေ..."

"လာမခေါ်နဲ့ စိတ်ဆိုးတယ်"

ဒေစီက ကိုယ်ဝန်ရှိလာပြီးတည်းက အရင်ကထက် စိတ်ဆိုးစိတ်ကောက်ဖြစ်လာတတ်သည်။
ရို့စ်မှာလည်း ချော့ရတာ ပိုခက်ခဲလာပြီဖြစ်၏။

ထို့ကြောင့် group chatထဲ စာပို့ကာ အကူအညီတောင်းလိုက်သည်။

[Rose:
ဇနီးလေး စိတ်ကောက်သွားတာ ဘယ်လိုချော့ရင် စိတ်ဆိုးပြေမလဲ ဘော်ဒါတို့]

[Roland:
ဇနီးလေးက အရမ်းကိုသိတတ်လိမ္မာပြီး စိတ်ဆိုးစိတ်ကောက်မလုပ်တတ်တော့ ဘယ်လိုချော့ရမလဲ မသိဘူးရယ်]

[Natan: လဲသေလိုက်]

[Rose:.....]

သူငယ်ဂျင်းများထံမှ အကူအညီမရဘဲ ကန့်လန့်တွေချည်းအပြောခံရပြီးတဲ့နောက်မှာတော့ ဇနီးလေး စိတ်ကောက်ပြေမည့် နည်းလမ်းကို ကိုယ်တိုင်သာ ကြံဆရတော့သည်။

"အချစ်..."

"မခေါ်ပါနဲ့ဆို"

ရို့စ်လည်းမတတ်နိုင်စွာနှင့်ပဲ ဒေစီ၏ ဗိုက်လုံးလုံးလေးအား တို့ထိလိုက်ပြီး။

Heart of Leona[completed]Where stories live. Discover now