[Unicode]
ဟာလေမှာ သူမရဲ့သားက Alphaတစ်ယောက်ကို အိမ်ခေါ်လာတာသဘောမကျပုံရသည်။"Alphaတွေက သူတို့ရဲ့သွေးသားကို တန်ဖိုးထားကြတယ်၊ မင်းတို့နှစ်ယောက်သာ အတူရှိနေရင် ဘာမျိုးဆက်မှကျန်ခဲ့မှာမဟုတ်ဘူး"
အိမ်ရောက်ရောက်ချင်း ကြားလိုက်ရသည့် ဟာလေ၏ စကားကြောင့် ရိုလန်သိပ် စိတ်မကြည်ချင်တော့။
"ကျွန်တော်သဘောကျတဲ့လူကို ကျွန်တော်လက်ထပ်တာ ပြဿနာရှိလို့လား"
"ဘာ မင်း... ထွက်သွား"
မေရီက ဟာလေအားကြည့်လိုက်ကာ။
"ကလေးတွေက အခုမှရောက်တာကို ဘာလို့နှင်ထုတ်နေတာလဲ၊ သူတို့က အဝေးကြီးကနေ လာခဲ့ရတာလေ"
"မေရီ ငါစိတ်မတိုချင်ဘူး၊ မင်းရဲ့သား အခုလေးတင် ငါ့ကိုဘာပြောခဲ့လဲ မင်းလည်းကြားတယ်မဟုတ်လား"
ရိုလန်က ရိန်း၏လက်ကိုဆွဲကာ ထရပ်လိုက်ပြီး မဆိုင်းမတွပင် အိမ်ထဲမှထွက်သွားတော့၏။
ယာဥ်ပျံထဲရောက်သည်အထိရိုလန်မှာ အတော်လေး စိတ်ဆိုးနေသေးပုံရ၏။"ကိုယ့်မာမီပြောခဲ့တာတွေအတွက် တောင်းပန်ပါတယ်"
"တောင်းပန်ဖို့မလိုပါဘူး၊ သူပြောတာ မှန်နေတာပဲဟာ"
"သူ့အတွေးထဲမှာ Alphaဆိုတာနဲ့ Omegaကို လက်ထပ်ရမယ်ဆိုတဲ့တစ်ခုပဲရှိတာ၊ ချစ်ခြင်းမေတ္တာဆိုတာကိုလည်း မမြင်နိုင်လောက်ဘူး"
"သူက မင်းအမေလေ၊ အဲ့လိုမပြောသင့်ဘူး"
"မင်းနဲ့ပတ်သက်ပြီးမကောင်းတဲ့အမြင်တွေထားတဲ့လူမှန်သမျှ ကိုယ်နဲ့ဆန့်ကျင်ဘက်ဖြစ်ရမှာပဲ"
သူတို့ရဲ့ယာဥ်ပျံက အိမ်တစ်အိမ်ရှေ့သို့ ဆိုက်ရောက်လာ၏။ မြို့ထဲဝင်လာစဥ်က တွေ့ခဲ့သည့် အိမ်ကြီးဖြစ်သည်။
"ရိုလန် ဒါက..."
ယာဥ်ပျံက ခြံထဲသို့ဆိုက်ရောက်လာပြီး ရိုလန်က ရိန်း၏လက်အားဆွဲယူလိုက်၏။
"ကိုယ်မင်းအတွက်ဆောက်ထားတာ၊ သဘောကျရဲ့လား"
"အင်း သဘောကျပါတယ်၊ ဒါပေမယ့် ငါတို့နှစ်ယောက်တည်းအတွက်ကျ ဒီအိမ်က ကြီးလွန်းနေသလားလို့"

YOU ARE READING
Heart of Leona[completed]
Fiksi UmumMyanmar x Normal (Unicode+Zawgyi) 🌸Owncreation🌸 Total: 44 parts + 7 extra This story is just my imagination. Male Alpha x Female Alpha