[Unicode]
ရိန်းက ဂျက်စတင်ရဲ့ ပူဖောင်းဖောင်းဗိုက်ကလေးကို လက်ညှိုးဖြင့်အသာတို့ထိလိုက်ပြီး အသည်းယားစွာ ဆိုလိုက်သည်။"ဒီထဲမှာကိုကြီးရဲ့ကလေးလေးတွေရှိနေတာပေါ့"
ကယ်လ်ဗင်က ရယ်မောလိုက်ပြီး။
"ရိန်းရဲ့ တူလေးတွေ""အင်း ဟုတ်တယ် ရိန်းရဲ့တူလေးတွေ"
ဂျက်စတင်ရဲ့ 7လသား သုံးမြွှာပူးဗိုက်က သိသိသာသာကို လုံးတင်းနေ၏။
ထိုသုံးမြွှာပူး၏ အလေးချိန်ဖြင့် ဂျက်စတင်ခမျာ ထိုင်ရထရပင်မလွယ်ကူသဖြင့် ကယ်လ်ဗင်ကတွဲထူပေးရသည်။ပထမဆုံးကိုယ်ဝန်ကို သုံးမြွှာပူးလွယ်အောင် စွမ်းဆောင်နိုင်သည့် ကယ်လ်ဗင်က တကယ်ကို လက်ဖျားခါလောက်သည်။
ရိုလန်က ရိန်းရဲ့ခေါင်းကို အသာအယာပွတ်သပ်လိုက်ကာ။
"ဘေဘီ ကိုယ်တို့ပြန်ကြရအောင်လေ၊ ဧကရာဇ်နဲ့ ဧကရီ အေးအေးဆေးဆေး အနားယူပါစေ"
ဂျက်စတင်၏အဖေဖြစ်သူ ဧကရာဇ်ဟောင်းက အနားယူသွားတော့ ကယ်လ်ဗင်က ဧကရာဇ်နေရာကို ဆက်ခံထားခြင်းဖြစ်သည်။
ရိန်းကလည်း အနားယူသွားပြီဖြစ်သည့် အကြီးအကဲLeona၏ နေရာကို ဆက်ခံထားကာ အကြီးအကဲတစ်ယောက်ဖြစ်နေပြီဖြစ်၏။အစ်ကိုငယ်ဖြစ်သူ အယ်လ်ဗင်က Betaတစ်ယောက်ဖြစ်နေသည့်အတွက် အကြီးအကဲနေရာကိုဆက်ခံခွင့်မရှိသော်ငြား ဒုအကြီးအကဲအဖြစ် ရာထူးတိုးလာ၏။
ရင်းကတော့ Leonaဟူသည့် အမည်သာရှိကာ ငယ်ငယ်တည်းက တစ်ဖက်က ဆွေမျိုးများ၌သာ ကြီးပြင်းခဲ့ရသည်မို့ အကြီးအကဲနေရာအား မယူလိုဟုဆို၏။ သူ့ကိုတော့ Cမြို့တော်တွင် မြို့တော်ဝန်အဖြစ် ခန့်အပ်ထားခဲ့သည်။
အနားယူသွားသည့် အကြီးအကဲLeona ဂျော့ရှ်ကတော့ သူ၏ သူငယ်ချင်းဖြစ်သူ ဧကရာဇ်ဟောင်းနဲ့ အင်ပါယာအနှံ့ ခြေဆန့်နေကြလေရဲ့။ အဘိုးကြီးနှစ်ယောက်ကတော့ တစ်လမှ တစ်ခါပင် အိမ်ကိုပြန်မလာကြပေ။
"အဲ့ဒါဆို ရိန်းပြန်လိုက်ဦးမယ် ကိုကြီး"
ကယ်လ်ဗင်က ရိုလန်နှင့်ရိန်းကို ယာဥ်ပျံအထိလိုက်ပို့ပေး၏။ ဂျက်စတင်က ထိုင်နေရာမှ ရိန်းအားလက်ပြကာ။

YOU ARE READING
Heart of Leona[completed]
Ficción GeneralMyanmar x Normal (Unicode+Zawgyi) 🌸Owncreation🌸 Total: 44 parts + 7 extra This story is just my imagination. Male Alpha x Female Alpha