Part-11

231 26 0
                                    

[Unicode]
နောက်တစ်နေ့တွင်တော့ ရွာထဲပျံ့နှံ့နေသည့် သတင်းကား ငွေစန္ဒာသည် ကလေး
တစ်ယောက်ကြောင့် ဒီပရှေ့၌ အရှက်တကွဲဖြစ်ရသည်ဟူ၍။

တရားခံကား ခင်ခင်လှမှလွဲ၍ မည်သူရှိမည်နည်း။

ထိုသတင်းကြောင့် အပျိုချောတစ်သိုက်မှာ လွန်စွာ အားရလျက်ရှိပြီး ထိုကလေးအား ကိုယ်တိုင် တွေ့ချင် မြင်ချင်နေကြသည်။

"မနေ့က ရွာစျေးရှေ့မယ် ကျုပ်တွေ့လိုက်သားတော့်
ကလေးက ဖြူဖြူချောချော"

"ကျုပ်ဖြင့် ဒီလောက်ချောတဲ့ကလေးကို မြင်ဖူးချင်စမ်းရဲ့"

ကာလသားတစ်ချို့ကတော့ ငွေစန္ဒာအား အနိုင်ပိုင်းလိုက်သည့် ကလေးအား ဒေါသထွက်နေကြလေသည်။

"ဒီကောင်က ဘယ်လောက်များကြည့်ကောင်းနေလို့ ကျုပ်တို့ရဲ့ ငွေစန္ဒာကလေးကို အရှက်တကွဲ အကျိုးနည်းဖြစ်စေခဲ့ရတာလဲ"

"ကျုပ်ရဲ့အမိ ရွာစျေးရှေ့မှာ တွေ့ခဲ့တာကတော့ ငွေစန္ဒာထက်တောင်ကြည့်ကောင်း သေးတယ်တဲ့လေ"

"မဖြစ်နိုင်လိုက်လေခြင်းရောင်းရင်းရယ်၊ ဒီတစ်ရွာလုံးမှာတောင် ငွေစန္ဒာရဲ့ အလှကို မှီတဲ့မိန်းမပျိုမရှိတာ"

"နားရှိလို့သာကြားရသဗျာ...ကျုပ်ဖြင့်မယုံပေါင်"

"ဒါဖြင့်လည်း ကျုပ်တို့ညနေဘက်ကျ သူကြီးအိမ် ဘက်လှည့်ကြ‌တာပေါ့"

ဒီပမှာ ရိန်းအား တစ်ပတ်လုံးလုံး အိမ်‌ထဲတွင် ဥထားသည်ဖြစ်ရာ ရွာသူရွာသားများမှာ သူကြီးအိမ်၌ ဧည့်သည်ရောက်နေသည်ဟုသာ သိထားကြလေသည်။

ယခုကဲ့သို့ လူအရှင်လတ်လတ်အားတွေ့လိုက်ရသည့် အကျိုးဆက်ကတော့ တစ်ရွာလုံး အုတ်အော်သောင်းနင်းဖြစ်ကြသည်ပင်။

ဤသို့ဖြင့် ညနေရောက်သော် သူကြီးအိမ်သို့
မိန်းမပျိုတစ်သိုက်နှင့် ကာလသားတစ်သိုက်မှာ ရောက်ချလာကြတော့သည်။

မိန်းမပျိုလေးများကတော့ ခင့်ဆီအလည်
လာသည်ဟုအကြောင်းပြသည်။
ကာလသားတစ်သိုက်ကတော့ ဦးဥာဏ်ဆီ လာသည်ဟု အကြောင်းပြသည်။

Heart of Leona[completed]Where stories live. Discover now