[Unicode]
ရန်သူတပ်များရောက်လာသည့်အချိန်တွင်
Blue Falconတပ်စခန်းတစ်ခုလုံး ငြိမ်သက်နေခဲ့သည်။
ဝံပုလွေနက်ရော ခြင်္သေ့ဖြူပါ ရောက်နေမှန်းမသိသည့် ရန်သူ့ခေါင်းဆောင်က သရော်ပြုံးလေးပြုံးလိုက်၏။" ဒီအရူးကောင်တွေက သိမ်းငှက်ပြာကို တကယ်လက်လွှတ်လိုက်ကြပြီကိုး"
ထို့နောက် Blue Falcon တပ်စခန်းမှဖြတ်ပြီး အင်ပါယာ၏မြို့တော်ထဲသို့ ဝင်ရန်ပြင်လိုက်စဥ် တပ်စခန်းထဲမှ ဝံပုလွေတစ်ကောင်၏ ဆွဲဆွဲငင်ငင်အူသည့်အသံကိုကြားလိုက်ရသည်။
ပတ်ဝန်းကျင်တွင် ကိုယ်ယောင်ဖျောက်ထားသည့် သံချပ်ကာကားများနှင့် ယာဥ်ပျံများထံမှ ဖျတ်ကနဲ မီးလင်းလာပြီး ထိုသူတို့အား စတင်ပစ်ခတ်တော့သည်။
ရုတ်တရက်မို့ ဘာမှတုံ့ပြန်ချိန်မရလိုက်ကြဘဲ ထိုနေရာမှ တပ်ဆုတ်ပြေးရန်သာ တတ်နိုင်တော့၏။
ရန်သူ့အင်အားများသော်ငြား အင်ပါယာဘက်မှ လက်ဦးသွားပြီမို့ မတတ်နိုင်ကြတော့ချေ။ထိုသူတို့မှာ သိမ်းငှက်ပြာအား သေလုမျောပါးအခြေအနေထိ ရောက်အောင်လုပ်ထားပြီးမှ မြို့တော်ကို သိမ်းပိုက်ရန် မအောင်မြင်သည့်အတွက်လွန်စွာ ခံပြင်းလျက်ရှိနေကြ၏။
ပင်လယ်ပြင်တွင် စောင့်ဆိုင်းနေသည့် သူတို့၏ ရေငုပ်သင်္ဘောထံသို့ရောက်ချိန်တွင် ငါးမန်းနီ၏ တိုက်ခိုက်ခြင်းကို ထပ်မံခံရပြန်သည်။
မိနစ်ပိုင်းလောက်ကြာပြီးသည့်နောက်တွင် ပင်လယ်ပြင်၌ ငြိမ်သက်သွားကာ ကျူးကျော်သူတို့၏ ရုပ်အလောင်းတို့မှာလည်း ပင်လယ်ရေနက်ထဲသို့ နစ်မြုပ်သွားလေသည်။ ရေငုပ်သင်္ဘောမှ ခွဲထွက်ကာ လွတ်မြောက်ရန်ကြိုးစားသည့် ယာဥ်ငယ်များကိုလည်း ငါးမန်းနီ၏ စစ်သင်္ဘောအုပ်စုက တစ်စင်းမကျန် သုတ်သင်ပစ်၏။
တိုက်ပွဲပြီးသွားချိန်၌ လေညှင်းတောင်ကြားပတ်ဝန်းကျင် တစ်ခုလုံးကိုလည်း ရှင်းလင်းပစ်ခဲ့သည်။
ဂျူလီယန်နှင့် Red Shark တပ်သားများက
Blue Falcon တပ်စခန်းအတွင်းသို့ဝင်ကာ တပ်သားများကို မြို့တော်ဆေးရုံသို့ ပို့ရာ၌ ကူညီပေး၏။

YOU ARE READING
Heart of Leona[completed]
Ficção GeralMyanmar x Normal (Unicode+Zawgyi) 🌸Owncreation🌸 Total: 44 parts + 7 extra This story is just my imagination. Male Alpha x Female Alpha