Part-37

176 19 1
                                    

[Unicode]
ရိုလန်အပြင်မှာ မေရီနှင့်ဖုန်းခဏပြောပြီး အိမ်ထဲကို မျက်စိပျက် မျက်နှာပျက်ဖြင့် ပြန်ဝင်လာ၏။

"ဘာဖြစ်လို့လဲ"

ရိုလန်က သက်ပြင်းချလိုက်ပြီး။

"မာမားက မင်းကိုတွေ့ချင်နေတယ်၊ မာမီ့ကိုတော့ အဆင်ပြေအောင် သူကြည့်ပြောထားတယ်တဲ့၊ ဒါပေမယ့် မာမီ မင်းကို မနေ့ကလို ထပ်ပြီးဆက်ဆံမှာ ကိုယ်မမြင်ချင်ဘူး"

"ဒါပေမယ့် မာမားကတွေ့ချင်တယ်ဆိုရင်တော့ သွားရမှာပေါ့၊ ဒီကိုလာတာ သူတို့ကိုတွေ့ဖို့ပဲ မဟုတ်လား"

"ဘေဘီ မင်းအဆင်ပြေပါ့မလား၊ ကိုယ့်မာမီရဲ့ စကားတွေကိုကြားပြီး မင်းစိတ်မကောင်းဖြစ်မှာ စိုးမိတယ်"

"ကိစ္စမရှိပါဘူး"

ရိန်းကပြဿနာမရှိဟုဆိုတာကြောင့် ရိုလန်လည်း ရိန်းကို မေရီနှင့်တွေ့ဖို့ ခေါ်သွားပေး၏။
မေရီက ဘာတွေပြောထားသလဲတော့မသိ ဟာလေမှာ ဧည့်ခန်းတွင်သာ ထိုင်နေပြီး ဘာစကားမှဝင်မပြောပေ။

"လာ ကလေး မာမားတို့ခြံကထွက်တဲ့ အသီးလေးစားကြည့်"

မေရီက စတော်ဘယ်ရီသီးပန်းကန်အား ရိန်းရှေ့တွင်ချပေးလာ၏။
ရိုလန်က ခေါင်းတငြိမ့်ငြိမ့်ဖြင့်။

"ဘေဘီက စတော်ဘယ်ရီကြိုက်တာနဲ့ အတော်ပဲ"

"ဟုတ်လား၊ အဲ့ဒါဆို နောက်ရက်ကျ မာမား စတော်ဘယ်ရီကိတ်လုပ်ပေးမယ်"

ရိန်းက မေရီအား ပြုံးပြလိုက်ကာ။

"ကျေးဇူးပါ မာမား"

ဟာလေကတော့ တစ်လျှောက်လုံး ရိန်းကိုသာ အကဲခတ်ကြည့်နေ၏။ သူ့ရဲ့သားက ဘာလို့များ နူးညံ့ကာ နာခံတတ်တဲ့ အိုမီဂါလေးတွေကိုကျော်ပြီး အနိုင်ယူလိုစိတ်ပြင်းထန်ကာ နည်းနည်းလေးမှ မနာခံတတ်သည့် ဒီအယ်လ်ဖာအမျိုးသမီးကို ရွေးချယ်ခဲ့ရသလဲ သူမသိပေ။
ထို့ကြောင့် ရိန်းနှင့်မေရီ ခြံထဲဆင်းသွားချိန်တွင် သားဖြစ်သူကို မေးမိတော့၏။

"ငါ့သား..."

"ဗျာ မာမီ"

"Aမြို့တော်လိုနေရာမှာ အိုမီဂါတွေ များရဲ့သားနဲ့ ဘာလို့ အယ်လ်ဖာတစ်ယောက်ကို လက်ထပ်လိုက်ရတာလဲ"

Heart of Leona[completed]Where stories live. Discover now