[Unicode]
"နောက်ထပ် ရက်နည်းနည်းလောက် ထပ်နေလို့မရတော့ဘူးလား"Aမြို့တော်ကိုပြန်ခါနီး ဟာလေနှင့်မေရီအား ဝင်နှုတ်ဆက်နေခြင်းဖြစ်သည်။
"နောက်တစ်ခါ ခွင့်ရက်ရရင် နည်းနည်းပိုကြာအောင် နေပါ့မယ်၊ အခုကပြန်မှဖြစ်တော့မှာမို့လို့"
ရိုလန်က ယာဥ်ပျံပေါ်သို့ တက်သွားပြီဖြစ်သည်။
ရိန်းက ဟာလေနှင့်မေရီဘက်လှည့်ကာ နှုတ်ဆက်လိုက်သည်။"သွားလိုက်ပါဦးမယ် မာမီနဲ့မာမား"
"ဟုတ်ပြီ ကလေး၊ ဂရုစိုက်ပြန်ကြ၊ နောက်လည်း လာလည်ဦးနော်"
ည8နာရီလောက်ရောက်မှ Aမြို့တော်သို့ ပြန်ရောက်လာသည်။
ရိန်းပြန်ရောက်ပြီဆိုသည့် သတင်းလည်းကြားရော အယ်လ်ဗင်က အပြေးရောက်လာခဲ့သည်။
ရောက်ရောက်ချင်းပင် ရိုလန်အား ဌာနချုပ်မှ အရေးတကြီးဆက်သွယ်လာ၏။"ဘေဘီ ကိုယ်အခုသွားမှဖြစ်မယ်"
"ခုနကမှ ပြန်ရောက်တာကို အခုချက်ချင်း အလုပ်ခိုင်းတော့မယ်ထင်တယ်"
"အင်း အရေးကြီးကိစ္စမို့လို့ထင်တယ် ကိုယ်ဒီည မပြန်လာဖြစ်လောက်တော့ဘူး"
"အိုကေ"
ရိုလန်က အဝတ်အစားလဲကာ အမြန်ထွက်သွားသည်။
"ကိုငယ် အဖော်လုပ်ပေးရမလား"
"အင်း"
"အခုမှခရီးကပြန်ရောက်လာတာဆိုတော့ နားလိုက်ဦး၊ ကိုငယ်ဟင်းချက်ထားပေးမယ်"
ညစာကို အယ်လ်ဗင်ချက်ကျွေးတာစားပြီး ရောက်တတ်ရာရာတွေပြောဖြစ်ခဲ့ကြသည်။ အယ်လ်ဗင်က နောက်တစ်ခါ Sမြို့တော်ကို သွားဖြစ်လျှင် သူ့ကိုပါခေါ်ဖို့ ပြောသည်။
Sမြို့တော်ကို နေချင်စရာမကောင်းတဲ့နေရာဟု သိထားသော်လည်း ရိန်းပြောပြပုံအရဆိုလျှင် သိပ်အဆိုးကြီးတော့ မဟုတ်လှချေ။
ရိန်းလည်း ခရီးပန်းလာသောကြောင့် သိပ်ကြာကြာမနေတော့ဘဲ အိပ်လိုက်သည်။ရိန်းနိုးလာသည့် အချိန်တွင် တစ်ဖက်အခန်းက အယ်လ်ဗင်က အိပ်ကောင်းနေဆဲ။
ရိန်းလည်း ပြန်အိပ်မနေတော့ဘဲ အိပ်ရာမှထကာ ရိုလန်ပြန်လာလျှင်စားဖို့ မနက်စာပြင်လိုက်သည်။

YOU ARE READING
Heart of Leona[completed]
Художественная прозаMyanmar x Normal (Unicode+Zawgyi) 🌸Owncreation🌸 Total: 44 parts + 7 extra This story is just my imagination. Male Alpha x Female Alpha