[Unicode]
ရင်းက ကြာကြာမနေ။ နှစ်ရက်ခန့်သာ နေပြီး အဲလက်စ်စိတ်ဆိုးပြေသည်နှင့် Cမြို့တော်ကို တန်းပြန်သွား၏။
မပြန်ခင် အဲလက်စ်ဆီက သူလိုချင်သည့် အဖြေကိုပါ တောင်းသွားသေးသည်။Sမြို့တော်သို့သွားသည့် လမ်းတစ်လျှောက်လုံးတွင် နေသန်နှင့်အယ်လ်ဗင်က အတော်လေး ပျော်နေပုံရ၏။ ယာဥ်ပျံ နှစ်စင်းက ပင်လယ်ပြင်ပေါ်တွင် ခပ်နိမ့်နိမ့်ပျံသန်းနေကြသည်။
Sမြို့တော်သို့ရောက်သည့်အချိန်တွင် အိမ်ကိုသာ တန်းလာလိုက်ပြီး မနက်မှ ဟာလေနှင့်မေရီဆီသွားရန် စီစဥ်လိုက်၏။
အိမ်ထဲဝင်ဝင်ချင်း မြင်လိုက်ရသည့် ပုံကြောင့် အယ်လ်ဗင်ရော နေသန်ပါ ပါးစပ်အဟောင်းသား။
ပုံထဲက ရိန်းက အတော်လေးကိုငယ်သေးသည်။အယ်လ်ဗင်မှာ မနေနိုင်စွာနှင့်ပဲ ရေရွတ်လိုက်မိတော့သည်။
"ဒီမကောင်းတဲ့လူက ငါ့ညီမလေးကို ဘယ်တည်းက ချိန်နေလဲမသိဘူး"
အယ်လ်ဗင်၏ စကားကြောင့် ရိန်းရော နေသန်ပါ ရယ်မိလိုက်ကြ၏။ ရိုလန်က ရယ်ကျဲကျဲဖြင့် သူ့ရဲ့ ငွေရောင်ဆံပင်များကိုဖွကာ ဘာစကားမှမဆိုပေ။
နေသန်နှင့်အယ်လ်ဗင် ထိုအိမ်တွင် နေသည့်တစ်လျှောက်လုံး၌ ဘယ်နေရာသွားသွား မှန်ဘောင်နှင့်သေချာထည့်ကာ ချိတ်ဆွဲထားသည့် ရိန်း၏ပုံအား နေရာအနှံ့ တွေ့ရမည်ဖြစ်သည်။
----------------------------------------------------------
မနက်ခင်း ဟာလေနှင့်မေရီဆီမသွားခင်တွင် ရိန်းက နေသန်နှင့်အယ်လ်ဗင်အား ခြံအနောက်ရှိ နှင်းဆီပန်းခင်းကြီးဆီသို့ ဆွဲခေါ်သွား၏။"ရိန်း ဖြည်းဖြည်းသွားစမ်းပါ"
"အာ မြန်မြန်လာ"
ရိုလန်ကတော့ ထိုသုံးယောက် အနောက်မှ ဖြည်းဖြည်းမှန်မှန်သာလိုက်လာကာ ရိန်း၏စိတ်လှုပ်ရှားနေသော အမူအရာကြောင့် ပြုံးရုံသာပြုံးလိုက်မိ၏။
ပန်းခင်းကြီးဆီသို့ရောက်ချိန်တွင် နေသန်ရော အယ်လ်ဗင်ပါ အံ့သြမှင်သက်လျက်။
"Sမြို့တော်က တကယ်ကိုအံ့သြစရာပဲ"
"ဒီပန်းခင်းကြီးဖြစ်ဖို့ အချိန်တော်တော်ပေးခဲ့ရမှာ၊ ဒီပန်းခင်းရဲ့ တစ်နှစ်ဝင်ငွေက မီလီယံနဲ့ချီမှာသေချာတယ်"
YOU ARE READING
Heart of Leona[completed]
General FictionMyanmar x Normal (Unicode+Zawgyi) 🌸Owncreation🌸 Total: 44 parts + 7 extra This story is just my imagination. Male Alpha x Female Alpha