[Unicode]
"အဘဒီနေ့လည်းရွာဦးကျောင်းသွားမှာလား၊ ရိန်းလိုက်ချင်လို့""ဟေ အေး မနက်စာစားပြီးတာနဲ့ သွားကြမယ်လေ"
မနက်စာစားပြီး ရိန်း ဦးဥာဏ်နှင့် လိုက်သွားသည်။ ဒီပကိုရှောင်နေချင်တာလည်းပါသည်။ ဒီထက်ပိုပြီး သံယောဇဥ်လည်း မဖြစ်ချင်တော့ပေ။
ဒီပ ကတော့နောက်ကနေ မယောင်မလည်နှင့် လိုက်ပါလာလေသည်။"ကလေး ဒီမှာခဏနေခဲ့ဦး၊ အဘ ဆရာတော့် ဆီ သွားဦးမယ်"
"ဟုတ်ကဲ့ အဘ"
ရိန်းအား ဘုန်းကြီးကျောင်းထဲရှိ ကံ့ကော်ပင်အောက် က ကွပ်ပျစ်ပေါ်တွင်ထားခဲ့ပြီး ဦးဥာဏ်ကတော့ ကျောင်းပေါ်တက်သွားလေသည်။
ရိန်းက ဘုန်းကြီးကျောင်းဝန်းထဲတွင် လျှောက်သွားနေသည်။
မြက်ခင်းပေါ်တွင် ထိုင်ချလိုက်ပြီး
နေရောင်ခြည်ကလည်း မြက်ခင်းပြင်ပေါ်တွင်ရော ရိန်းပေါ်တွင်ရော ဖြာကျနေကာ ရိန်းသည်လည်း ထိုခံစားချက်အား အလွန်သဘောကျနေလေသည်။အစိမ်းရောင်မြက်ခင်းပြင်ပေါ်တွင်
ပန်းနုရောင်ဆံနွယ်ရှည်များနှင့်ကောင်မလေး တစ်ယောက်ထိုင်နေကာ နေရောင်ခြည်ကလည်း ဖြာကျနေသေးသည်။ ထိုမြင်ကွင်းအား အတန်ကြာငေးမောကြည့်နေသည်ကတော့ ဘုန်းကြီးကျောင်းသားလေးများပင်ဖြစ်သည်။"ဒီမိန်းကလေးနှယ် လှရက်လိုက်ပါဘိ"
"ရွာလူကြီးသား ဒီပရဲ့ သတို့သမီးလောင်းတဲ့လေ"
ဘုန်းကြီးကျောင်းသားလေးများ၏ တီးတိုးစကားများကို ရိန်းကတော့မကြားပေ။
နေရောင်ခြည်အောက်တွင် မျက်လုံးကိုမှိတ်ကာ အတန်ကြာနေနေမိသည်။ရုတ်တရက် သူ့အပေါ်ကို အရိပ်ကျလာသလို ခံစားလိုက်ရမှ မျက်မှောင်ကြုံ့ကာ မျက်လုံးကိုဖွင့် လိုက်သည်။
မျက်လုံးကိုဖွင့်လိုက်သည်နှင့် တွေ့လိုက်ရသည်က ဒီပ ပါလေ။ဒီပက ရိန်းအပေါ် ကျရောက်နေသည့် နေရောင်ခြည်အား သူ့ကိုယ်ဖြင့် ကွယ်ပေးထားလေသည်။
'ဒီလူက ငါနေပူစာလှုံနေတာကို လာဖျက်ဆီးနေတာပဲ'
"ဘာလာလုပ်တာလဲ "
YOU ARE READING
Heart of Leona[completed]
Ficción GeneralMyanmar x Normal (Unicode+Zawgyi) 🌸Owncreation🌸 Total: 44 parts + 7 extra This story is just my imagination. Male Alpha x Female Alpha