Extra-2

183 17 0
                                    

[Unicode]
(Julian & Norman)

နော်မန် မျက်လုံးပေါ်မှာ စည်းထားတဲ့ ပတ်တီးကို ဖြည်ဖို့ စိတ်လှုပ်ရှားနေခဲ့သည်။ လေညှင်းတောင်ကြားမှ ပြန်လာပြီးတည်းက သူ့ဘဝအတွက် ပထမဆုံးအမြင်အာရုံပြန်ရမည့် နေ့ဖြစ်သည်။

ဂျူလီယန်ကလည်း ဘေး‌ကနေပြီး သူ၏လက်ကို ဆုပ်ကိုင်ထားပေး၏။ အမြဲတမ်း သူ့ဘေးမှာ ရှိနေခဲ့တဲ့ ဂျူလီယန်‌ဆိုသူ၏ အသံကိုသာ ကြားဖူးပြီး မျက်နှာကိုတစ်ခါမှမမြင်ဖူးပေ။ ထို့ကြောင့် ဂျူလီယန်ကို တွေ့ဖို့ စိတ်လှုပ်ရှားနေမိသည်။

မျက်လုံးပေါ်က ပတ်တီးစ ဖယ်ခွာသွားချိန်တွင် အခန်းထဲမှ လူများအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူ့လက်ကို ဆုပ်ကိုင်ထားသည့်သူ၏ မျက်နှာကို သေသေချာချာကြည့်လိုက်မိ၏။

အမြဲတမ်း ပင်လယ်ရေနှင့်ထိတွေ့လိုက် နေပူခံလိုက် လုပ်နေရသည့် ဂျူလီယန်မှာ မြို့တော်ကလူတွေလို ဖြူနုနေခြင်းမရှိဘဲ ညိုညိုစိုစို။
အပြာရင့်ရောင်ဆံနွယ်များက နဖူးအထက်၌ဝဲကျနေပြီး သူ့ကိုကြည့်နေတဲ့ အနက်ရောင်မျက်လုံးများက ‌ကြယ်ကလေးများလို တောက်ပနေ၏။

"အခုကျွန်တော့်ကိုမြင်ရပြီလား"

နော်မန် ခေါင်းတဆတ်ဆတ်ညိတ်ကာ ဝဲ‌တက်လာသည့် မျက်ရည်များအား လက်ဖျံဖြင့်သုတ်လိုက်၏။

တစ်နှစ်နီးပါးလောက် အမြင်အာရုံကွယ်ပျောက် ခဲ့ရသည်မို့ အခုလိုပြန်မြင်ရသည့်အချိန်တွင် ပြောမပြတတ်အောင်ပျော်ရသည်။ ထို့အပြင် သူ့စိတ်ကူးနဲ့ ပုံဖော်ကြည့်ခဲ့ရသည့် ဂျူလီယန်ကိုလည်း မြင်တွေ့နိုင်ပြီဖြစ်၏။

နော်မန် ပြန်ကောင်းသွားပြီဟူသည့် သတင်းကြောင့် ရိုလန်နှင့်ရိန်းက ဆေးရုံသို့ အသည်းအသန်ရောက်ချလာကြသည်။

"ပြန်ကောင်းလာတာ ဝမ်းသာပါတယ် နော်မန်"

"ကျေးဇူးပါ Captain"

ရိန်းက ယူလာသည့် လက်ဆောင်ပစ္စည်းများအား စားပွဲပေါ်တင်လိုက်၏။

"နော်မန်က ပန်းသီးကြိုက်တယ်လို့ ကိုငယ်တစ်ခါပြောဖူးလို့လေ၊ ဒါစားကြည့် အရမ်းကောင်းတာ အစ်ကိုတို့ခြံကထွက်တာလေ"

Heart of Leona[completed]Where stories live. Discover now