Part-4

311 24 4
                                    

[Unicode]
ဒီကမ္ဘာကိုရောက်တည်းက ရိန်းဘာမှစားရသေး။ ဆာလောင်နေတဲ့ဗိုက်ကလေးကို အဝဖြည့်ဖို့မစောင့်နိုင်တော့ပေ။

အယ်လ်ဗင်ကတော့ သူ့ကိုလိုရင် အချိန်မရွေးခေါ်ဖို့ တတွတ်တွတ်မှာကြားပြီး out သွားလေ၏။

ထမင်းစားပွဲပေါ်နေရာယူထားသည့် ဟင်းမှာ သုံးမျိုးမျှသာ...
ကင်ပွန်းချဥ်ရွက်ဟင်းချို၊ ကြက်ဥဆီပြန်ဟင်းနှင့်
ငါးကြော်...။

သူ့ရှေ့ကပန်းကန်လေးကိုတစ်ချက်ကြည့်ပြီး ဟိုလူကြီး ကိုကြည့်ကာ မျက်နှာငယ်လေးနှင့် မေးမိလေတော့သည်။

"အစ်ကို...ဒါကဘာလဲဟင်"

လက်ထဲကထမင်းလုတ်ကို ပါးစပ်ထဲထည့်ရန် ပြင်နေသော အစ်ကိုကြီးမှာ ရိန်း၏စကားကြောင့် ထူးဆန်းသလိုကြည့်လာလေသည်။

"ထမင်းလေ...ညီငယ် အရင်က ထမင်းမစားဖူးဘူးလား"

ရိန်းမှာ သူ့ရှေ့က ထမင်းပန်းကန်လေးကို ကြည့်ရင်းအတွေးနယ်ချဲ့နေတော့သည်။

ငါထမင်းမစားဖူးတာမဟုတ်ဘူး ငါးဟင်းကြီးမို့လို့ကွ...။

Leonaအိမ်တော်တွင် အိမ်တော်ထိန်းစက်ရုပ်များရှိသည်။

များပြားလှသည့်ဟင်းပွဲများကြားမှ လက်လှမ်းမမှီသည့်ဟင်းပွဲကိုယူရန် အိမ်တော်ထိန်းစက်ရုံများကို ခိုင်းစေနိုင်သည်။
'row 3,column 4 ကဟင်းပွဲလေးပေးပါ... ဟုတ်...ကျေးဇူး'

ယခင်ထမင်းစားပွဲပေါ်က ဟင်းပွဲများနှင့်
ယခုလက်ရှိ ထမင်းစားပွဲပေါ်က ဟင်းပွဲသုံးပွဲကိုယှဥ်တွေး ကြည့်ရင်း ရိန်းမှာမချိုမချဥ်ပြုံးမိချေသည်...။
'လောကဓံ အတက်အကျ ကြမ်းချက်...'

"ဟေ့... ကျုပ်စကားမှာ ဘယ်နေရာကများ ရယ်စရာပါသွားလို့ ပြုံးတုံ့တုံ့ လုပ်နေရတာလဲ စားစရာရှိတာသာစားချည် "

"ဒီပ ရယ်၊ဘယ့်နှယ့်ကြောင့် ကလေးကို ဆူပူနေရတာလဲ လူငယ်လေးက ယခုမှ နေကောင်းကာစလေကွယ်"

ဘေးတွင်ထိုင်နေသော လူအိုကြီးမှပြောလိုက်ခြင်းဖြစ်သည်။
မနက်က ပြောနေကြသည့် အဘ ဆိုသည့်သူဖြစ်မည် ဟုတွေးလိုက်မိသည်။

Heart of Leona[completed]Where stories live. Discover now