Part-25

232 24 0
                                        

[Unicode]
ရိန်းက အသစ်ရောက်လာသည့် ကြယ်တံခွန်စစ်သည်များအား။

"ဒီနေ့မှရောက်တာဆိုတော့ နားလိုက်ကြဦး မနက်ဖြန်မှ အလုပ်လုပ်ကြတာပေါ့"

ရိန်း၏စကားဆုံးသည်နှင့် ထိုသူများက ယာယီတဲများ အတွင်းသို့ဝင်ကာ ပစ္စည်းများအား နေရာချကြသည်။

ရိုလန်က ရိန်းအနားသို့ကပ်ကာ...

"ဘေဘီ မနက်ဖြန်တိုက်မယ်လို့ ပြောချင်တာလား"

"ဘယ်လိုထင်လို့လဲ"

"မနက်ဖြန်ဆို မစောလွန်းနေဘူးလားလို့ပါ"

"မြန်မြန်လှုပ်ရှားတော့မကောင်းဘူးလား
ဒီကောင်တွေတစ်ခါတည်းအမြစ်ပြတ်သွားရင်
Blue Falconလည်း ဒီချောက်ထဲမှာ ဆက်ပြီးစောင့်နေစရာမလိုတော့ဘူး"

ရိုလန်က ရိန်း၏စကားကို ထောက်ခံသည့်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။

အယ်လ်ဗင်နှင့်နော်မန်ကတော့ စစ်ပွဲအတွက် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်နေရင်း နားရသည်ဟူ၍မရှိ။
ဒုခေါင်းဆောင်များက ခေါင်းဆောင်ထက်ပင် ပိုအလုပ်များကြသည်။

ရိန်းက အဲလက်စ်တို့အခန်းဆီသွားလိုက်သည်။
ရိုလန်လည်း ရိန်း၏ဘေးမှလိုက်ပါလာသည်။

"အဲလက်စ်"

"ဝင်ခဲ့"

ရိန်းလည်း အခန်းတံခါးအား ဆွဲဖွင့်ပြီး ဝင်သွားလိုက်သည်။
အဲလက်စ်က ဝံပုလွေကြီးများကို အစာကျွေးနေလေသည်။

"မနက်ဖြန်အတွက် မင်းတို့တွေ အဆင်သင့်ဖြစ်ပြီလား"

"ငါ့ကောင်တွေက အမြဲတမ်းအသင့်ဖြစ်နေတာ စထွက်မယ့်အချိန်သာပြော"

ရိန်းက ခွေအိပ်နေသည့် ဝံပုလွေကြီးတစ်ကောင် အပေါ် လှဲချလိုက်သည်။

"အား...နူးညံ့နေတာပဲ ပြန်တောင်မထချင်တော့ဘူး"

"ဟေ့‌ ဟေ့ အခုထစမ်း၊ ငါအခုမှ သေချာ သန့်ရှင်းရေးလုပ်ပေးထားတာ မင်းကိုယ်ပေါ်က ရောဂါပိုးမွှားတွေ ငါ့သား‌ပေါ်ကပ်ကုန်မယ်"

အဲလက်စ်၏စကားကြောင့် ရိုလန် အော်ရယ်တော့သည်။
ရိန်းမှာ မျက်နှာဆူပုပ်နေရင်း အဲလက်စ်အား မကျေနပ်စွာပြောလာသည်။

Heart of Leona[completed]Where stories live. Discover now