Part-21

226 21 1
                                    

[Unicode]
အချိန်တစ်ပတ်သာကုန်သွားသည် အခုထိ ဘာမှမလှုပ်ရှားရသေး။

ရိုလန်ဆိုသောသူမှာ တစ်ပတ်လုံးလုံး အိပ်လိုက် စားလိုက် ပြန်အိပ်လိုက်မှလွဲ၍ ထွေထွေထူးထူး လုပ်သည့်အလုပ်ဆိုလို့ စတော်ဘယ်ရီအနံ့စီးကရက် အား တစ်နေ့တစ်ဘူးကုန်အောင်သောက်ခြင်းပင် ဖြစ်သည်။

ရိန်း ထိုသူ့အား အမှန်ပင် စိတ်မရှည်တော့။

ထို့ကြောင့် အယ်လ်ဗင်နှင့် အခြားသူတို့အိပ်ပျော် နေသည့်အချိန်တွင် တစ်ယောက်တည်း ခံတပ်အပြင်ဘက်သို့ ထွက်လာခဲ့သည်။

ကင်းကျနေသည့် တပ်သားလေးများမှာလည်း ရိန်းကို မတားရဲ။

ခံတပ်အပြင်ဘက်သို့ အချိန်တော်ကြာ လမ်းလျှောက်ပြီးနောက် မရင်းနှီးသည့် အငွေ့အသက်အား ခံစားမိလိုက်သည်။

ထို့ကြောင့် အနီးအနားရှိ ကျောက်တုံးတစ်တုံး နောက်ဝင်ကွယ်ကာ အခြေအနေကို အကဲခတ်လိုက်သည်။

ပတ်ဝန်းကျင်က ဘာမှမမြင်ရလောက်တဲ့အထိ မှောင်နေတာမျိုးမဟုတ်သဖြင့် ရိန်း၏စူးရှသည့် အမြင်အာရုံနှင့်ဆိုလျှင် ရှင်းရှင်းလင်းလင်းမြင်ရ သည်။

အကွာအဝေးဘယ်လောက်အထိ လမ်းလျှောက် လာမိသည်မသိ။ သတိမထားမိ ခင်မှာပဲ ရိန်းက ရန်သူ့ ခံတပ်စည်းရိုးနား ရောက်နေပြီဖြစ်သည်။

ကျောက်တုံးနောက်တွင် ထိုင်ကာ ရန်သူ၏ အင်အား ကိုခန့်မှန်းနေစဥ် ကင်းသမားတစ်ယောက်မှ စကားစလာလေသည်။

"သံလွင်သီးအနံ့ ရတယ်ကွ"

နောက်ထပ် တစ်ယောက်ကလည်း သေချာစွာ အနံ့ခံကြည့်ပြီး။

"အေး ဟုတ်တယ်၊ သံလွင်သီးအနံ့ပဲ"

ရိန်း၏ မျက်လုံးအစုံပြူးကျယ်သွားတော့သည်။ အဝေးကြီးလမ်းလျှောက်လာရတော့ ချွေးထွက် တာကြောင့် pheromoneနံ့က ပိုထင်ရှားသွားတာ ဖြစ်မည်။

တိုက်ပွဲအတွက် မပြင်ဆင်ရသေးခင် သူတို့ရောက်နေတာကို ဒီကောင်တွေ သိသွား၍မဖြစ်။
ပြီးတော့အခုလာတာက သူတစ်ယောက်တည်း။

တစ်ယောက်တည်းနဲ့ ဒီတပ်စခန်းတစ်ခုလုံးကို ခံတိုက်ရအောင် သူက စူပါမန်းလည်းမဟုတ်။

Heart of Leona[completed]Where stories live. Discover now