Part-6

277 21 0
                                    

[Unicode]

အချိန်ကား မနက်4နာရီခန့်။
ဆောင်းအကုန် နွေအကူးဖြစ်သော်ငြား မနက်အစောတွင်တော့ ရာသီဥတုက ချမ်းစိမ့်စိမ့်ရှိ နေသေးသည်။

အေးစိမ့်သော ခံစားချက်ကြောင့် နံရံနားကပ် အိပ်နေသော ရိန်းမှာ မသက်မသာနှင့်ပဲ နိုးလာရသည်။

သူ့စောင်မရှိတော့ပေ။ ညကအိပ်နေရင်းနဲ့ ကန်ထုတ်ပစ်တာဖြစ်လိမ့်မည်။
'အေးလိုက်တာ...'

မျက်စိမှိတ်ထားရင်းနဲ့ပဲ လက်က ဟိုစမ်းဒီစမ်းလုပ်ကာ စောင်အားလိုက်ရှာလေသည်။

သိပ်ပင်မရှာလိုက်ရ။ နူးညံ့သောအထိအတွေ့ကို လက်ဖျားမှတစ်ဆင့်ခံစားမိလိုက်သည်။

ရိန်း၏စောင်မှာ ညတည်းကပင် ခပ်ဝေးဝေးသို့ ကန်ထုတ်ခြင်းခံထားရပြီဖြစ်သည်။
အဲ့ဒါဆိုအခုစမ်းမိတာက သေချာပေါက် ဒီပရဲ့စောင်ပင်။

နူးညံ့သောအထိအတွေ့အားခံစားမိသည်နှင့်
ရိန်းသည် တုံ့ဆိုင်းမနေတော့ဘဲ ဒီပ၏စောင်အား ဆွဲလုချေတော့သည်။

ဒီပသည်အအိပ်ဆတ်သောသူဖြစ်ရာ လှုပ်ရှားမှု သေးသေးလေးကပင် သူ့ကိုနိုးစေသည်။
သူ၏စောင်အလုခံနေရမှန်းသိသောအခါ ချက်ချင်း ပြန်ဆွဲလုလေသည်။

ရိန်းကလည်းအလျှော့မပေး ဆွဲမြဲဆွဲထားဆဲ။
ရိန်းကဆွဲ၊ဒီပ ကဆွဲနှင့် စောင်ကြမ်းကလေးမှာ နှစ်ပိုင်းပြတ်ရချေတော့သည်။

ဗြိ.....

ရိန်းကတော့ ဒါကိုသတိမထားမိ ။ သူ့လက်ထဲ စောင်ပါလာသည်နှင့် ငြိမ်ကျသွားလေတော့သည်။

ဒီပ ကတော့ အ‌စောတည်းက နိုးနေသူဖြစ်ရာ
သူ့စောင်ကလေးပြဲသွားသည်ကိုသိသည်နှင့် ‌အိပ်ရာဘေးတွင် ရှိနေသော မီးခွက်အား မီးညှိလိုက်တော့သည်။

ဒီပ ဆီက လုယက်ထားသော စောင်ဖြင့်လုံးထွေးလျက် မျက်နှာလေးသာဖော်ကာ ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်နေသည်မှာ
ခုနကစောင်ဆွဲလုနေသူက သူမဟုတ်သည့်အတိုင်း။

စောင်လေးမှာ အတော်အသင့်ကြီးမားသဖြင့် နှစ်ပိုင်းပြတ်သွားသည့်တိုင် ရိန်း၏တစ်ကိုယ်လုံးအား အအေးဒဏ်မှ ကာကွယ်ပေးနိုင်သေး၏။

Heart of Leona[completed]Where stories live. Discover now