Part-34

199 22 5
                                        

[Unicode]
မနက်7နာရီ ထိုးသည်အထိ နေသန်နှင့် အယ်လ်ဗင်မှာ ထွက်မလာသေး။

ရိုလန်နှင့်ရိန်း မနက်စာစားပြီး ဌာနသို့ မသွားတော့ဘဲ သူတို့ကိုသာ ထိုင်စောင့်နေလိုက်သည်။

9နာရီ...

10နာရီ...

အချိန်က နေ့လည်1နာရီပင် ထိုးတော့မည် ဖြစ်သည်။
ထိုအခါမှ နေသန်က အယ်လ်ဗင်ကို ပွေ့ချီကာ ထမင်းစားခန်းထဲသို့ရောက်လာသည်။

နေသန်က ဟင်းပွဲတချို့အား နှိုက်စားလိုက်ပြီး ။

"ခယ်မလေးက ဟင်းချက်ကောင်းတာပဲ"

နေသန်က ပြောရင်းဆိုရင်း အားရပါးရစားနေသည်။ မနက်စာလည်း လွတ်ထားသည်မို့ ဗိုက်က အတော်လေးဆာနေပြီဖြစ်သည်။

"ရိုလန်ချက်ထားတာ"

"ဟမ်"

ရိန်း၏ စကားကြောင့် နေသန် မျက်လုံးပြူးကြီးများ ဖြင့် ရိုလန်အား ကြည့်လိုက်သည်။ ရိန်းက စနောက်ပြီး ပြောနေတာ မဟုတ်မှန်းလည်း သိသည်။

"တကယ်ကြီး မင်းချက်တာပေါ့"

ရိုလန်က ဘာမှပြန်မပြောဘဲ မျက်ခုံးကိုသာ ပင့်ပြလိုက်သည်။

နေသန် ခေါင်းထဲ အတွေးမျိုးစုံ ပလုံစီလာသည်။
ဒီနှစ်ယောက်က လက်ထပ်ထားတာလည်း ကြာပြီ အခုထိ ဘာမှမဘာကြသေး။
ဟင်းလည်း ရိုလန်ချက်သည်။ ရိန်း ကိုလည်း အလိုလိုက်လွန်းသည်။ ပြီးတော့ နှစ်ယောက်လုံးက အယ်လ်ဖာ။
'အာ ငါဘာတွေလျှောက်တွေးနေတာလဲ...'

ရိုလန်က နေသန်အားလစ်လျူရှုကာ ရိန်းကိုလှမ်းမေးလိုက်သည်။

"ခွင့်ကဘယ်နေ့ရတာလဲ ဘေဘီ"

"သန်ဘက်ခါ၊ ညနေကျရင်စျေးဝယ်ထွက်ရအောင်၊ မင်းအိမ်အတွက် တစ်ခုခုဝယ်မလို့"

"အိုကေ‌ ဘေ‌ဘီ"

"ဌာနကိုတော့ ကိုငယ်ပဲ ကြီးကြပ်ထားလိုက်ပါ"

"အင်း"

စင်တာကိုရောက်တော့ ရိန်းကမျက်စိထဲမြင်သမျှ
အကောင်းတကာ့ အကောင်းဆုံးတွေကိုချည်း ရွေးဝယ်သွားတာဖြစ်သည်။

"ဘေဘီ ဝယ်တာ များလိုက်တာ"

"မင်းမိဘတွေ ဘာကြိုက်မလဲ မသိလို့ ကောင်းမယ်ထင်တာ အကုန်ဝယ်ခဲ့လိုက်တာ"

Heart of Leona[completed]Where stories live. Discover now