Part-29

216 22 2
                                        

[Unicode]
အခုဆိုရင် ရိုလန်က လီယိုနာအိမ်တော်ကို ချောင်းပေါက်မတတ်ဝင်ထွက်နေသူဖြစ်သည်။

"မင်းတစ်ဘဝလုံးငါနဲ့အတူဖြတ်သန်းနိုင်မယ်ဆိုတာ သေချာရဲ့လား"

"သေချာပါတယ်"

ရိန်းခေတ္တမျှငြိမ်သက်သွားသည်။

"ကိုယ်တို့ကြားထဲ အဆင်မပြေဖြစ်စေမယ်လို့ ထင်မိတဲ့အချက်ရှိသေးလား ဘေဘီ"

ရိန်းကခေါင်းခါပြ၏။
လက်ထပ်ပွဲကို Aမြို့တော်ရှိ ခန်းမကြီးတွင်ပဲ ကျင်းပခဲ့ကြပြီးသည်။
အင်ပါယာ၏အရေးပါ အရာရောက်သူတွေလည်း ဖြစ်နေတာကြောင့် လူအများကြား အာရုံစိုက်စရာဖြစ်လို့နေ၏။

ဂျော့ရှ်က Leonaအိမ်တော်၏ ဘေးချင်းကပ်လျက် ခြံအား လက်ဖွဲ့အဖြစ် ပေးခဲ့သည်။
အိမ်က နှစ်ထပ်အိမ်ဖြစ်ပြီး လူနှစ်ယောက် နေရန်အတွက် အတော်လေးကျယ်ဝန်းသည်။

ညစာကိုတော့ ရိုလန်ချက်သည်။
ရိန်းလည်းဟင်းတော့ ကောင်းကောင်းချက်တတ်
ပေမယ့် အိမ်တော်မှာက စားဖိုမှူးများခန့်ထားသည်မို့ ကိုယ်တိုင်မချက်ဖြစ်ပေ။

ရိုလန်ကလည်း ဟင်းချက်ရသည့် ကိစ္စကို စိတ်ထဲမထားပေ။

"အရသာရှိတယ်"

သူချက်တဲ့ဟင်းကို ရိန်းကအကောင်းဘက်မှ မှတ်ချက်ပေးလိုက်တာမို့ ရိုလန် ပြုံးမိသွား၏။

"အရင်တည်းကကိုယ့်ဘာသာချက်နေကျလား"

"ကိုယ့်ဘာသာဆိုရင်တော့ အပြင်ကမှာစားတာများတယ်၊ ဒါက ဘေဘီမို့လို့ ချက်ကျွေးတာ"

ပြောရင်း မျက်စိတစ်ဖက်မှိတ်ပြလိုက်သည့် ရိုလန်ကြောင့် ရိန်းခေါင်းငုံ့ကာ စားစရာရှိတာသာ စားတော့သည်။ စားသောက်ပြီး ပန်းကန်တွေကိုလည်း ရိုလန်သာဆေးသည်မို့ ရိန်းအားနာလာရသည်။

သူလုပ်မယ်ဆိုလည်း ရိုလန်ကလက်မခံ။ ထမင်းစားခန်းအပြင်ဘက်သို့ အတင်းတွန်းပို့ကာ ဧည့်ခန်းတွင်ထိုင်နေခိုင်း၏။

ဧည့်ခန်းတွင်ထိုင်ကာ ဌာနမှ စာရွက်စာတမ်းများအား စစ်‌ဆေးနေစဥ် ရိုလန်ရောက်လာပြီး သူ့ဘေးတွင်ဝင်ထိုင်လာ၏။

Heart of Leona[completed]Where stories live. Discover now