Part-19

252 24 1
                                        

[Unicode]
ရိန်းမှာ အတုအယောင် ကမ္ဘာဟောင်း ပရောဂျက် ကနေပြန်လာပြီးနောက် အရင်ကနှင့်လုံးဝမတူတော့ချေ။

ပြန်ရောက်တာ 1လကျော်ရှိနေပေမယ့် အယ်လ်ဗင် ကလွဲ၍ ဘယ်သူ့ကိုမှအတွေ့မခံ။

တစ်ချိန်လုံးအခန်းထဲတွင်သာ အောင်းနေပြီး ဘယ်သူခေါ်ခေါ်ထွက်မလာပေ။

"ရိန်း...ကိုငယ်ဝင်ခဲ့မယ်နော်"

အခန်းထဲကနေဘာမှမတုံ့ပြန်လာသည်မို့ အယ်လ်ဗင် ဝင်သွားလိုက်သည်။ အရင်ကလည်း ဒီလို ဝင်ထွက်နေကျပဲလေ။

အယ်လ်ဗင် ဝင်သွားလိုက်သည်နှင့် ရိန်းကိုမတွေ့
ဝရန်တာတံခါးပွင့်နေသည်မို့ ရိန်း အပြင်ထွက်သွားတာဖြစ်မည်။
ရိန်း၏ ဝရန်တာတွင် အိမ်တော်၏ ‌အမိုးပေါ်သို့တက်သည့် လှေကားရှိသည်။

အယ်လ်ဗင်လည်း ရိန်း အမိုးပေါ်တွင် ရှိနေမည်ဟု ယူဆကာ လိုက်တက်လာသည်။
ထင်သည့်အတိုင်းပင် ရိန်းမှာ အမိုးပေါ်တွင်ထိုင်ကာ Aမြို့တော်၏ ညဘက်မြင်ကွင်းအား အပေါ်စီးမှ ငေးကြည့်နေသည်။

ရိန်း၏ပုံစံကိုကြည့်ပြီး အယ်လ်ဗင် ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်။

ပေါင်လယ်လောက်သာရှိသည့် အနက်ရောင် အိမ်နေရင်းဘောင်းဘီအတိုလေးနှင့် တီရှပ်အဖြူရောင်မှာလည်း ပုခုံးတစ်ဖက်ပင် လျှောကျနေသေးသည်။

ခြေထောက်တွင်စီးထားသည့် အနွေးဖိနပ်မှာလည်း အဖြူတစ်ဖက် အနီတစ်ဖက်။

အယ်လ်ဗင် သူ့အနွေးထည်အား ရိန်းပေါ်ခြုံပေးလိုက်သည်။

"မင်းခေါင်းမဖြီးတာ ဘယ်နှရက်ရှိပြီလဲ"

"မမှတ်မိတော့ဘူး"

"အေး ကောင်းတယ် ငါအခု ဘယ်က သူတောင်းစားကိုမြင်နေရတာလဲ"

ရိန်းမှာ ဘာမှပြန်မဖြေ ခေါင်းကိုသာ ငုံ့ထားသည်။
အယ်လ်ဗင်မှာ သက်ပြင်းချကာ...။

"အဘိုး စိတ်ဆိုးနေတယ်"

"အင်း"

"အစ်ကိုကြီးကလည်း မင်းကိုမေးနေတယ်"

"အင်း"

"မင်းကိုပါအောင်ခေါ်မလာရင် ငါ့ကိုအိမ်ပေါ်က မောင်းချပစ်မယ်တဲ့"

Heart of Leona[completed]Where stories live. Discover now