<><><><><><><> { Part -1 }" မြေးလေးချစ်စံ ရေ....... မြေးလေး "
" ရှင်........ ဘွားဘွား ချစ်စံ လာနေပြီနော် "
ဒန်းပေါ်မှာ ချစ်စံအိမ် စာဖတ်နေတုန်း ဘွားဘွားကြီးဒေါ်စောယု
ရဲ့ခေါ်သံကြောင့် ထမီလေးကို သူမ အသာမကာ
အိမ်ထဲကို အမြန်ပြေးသွားခဲ့၏ ။" ချစ်စံ ကို ဘာခိုင်းမလို့လဲဟင် ဘွားဘွား "
" မခိုင်းပါဘူး ဘွား မြေးလေးကို ဘွားက ဘာမှ မခိုင်းပါဘူး
ဘွား ပြစရာရှိလို့ မြေးလေးကို ခေါ်လိုက်တာ
လာ ဘွားနား လာထိုင်လှည့် "အဘွားဖြစ်သူ ဒေါ်စောယု ရဲ့ စကားကြောင့် ချစ်စံ
ခမျာ ခါးလေးကို ကိုင်းပြီး ခေါင်းလေးကို ငုံ့ကာ
သူမ ဖွားအေဖြစ်သူနားကို အသာအယာ ဝင်ထိုင်
လေသည်။ ဒေါ်စောယု ဘေးနားက ဦးသက်ရှိန်
မှာ သူ့ အမေ ရဲ့ ဆုံးမသွန်သင်မှုကြောင့်
သူရဲ့ သမီး ချစ်စံအိမ် က ရှေးဆန်ပြီး ဗိုင်းကောင်း
ကျောက်ဖိ ဖြစ်ရုံတင်မက လိမ်မာယဉ်ကျေးနေတာကို
ကြည့်ပြီး သူ ကြည်နူးသွားခဲ့သည်။သူ့ အမေ ဒေါ်စောယု အကြောင်းကို သူ သိတာပေါ့။
အရမ်းကို ရှေးဆန်ပြီး စည်းကမ်းကြီးတာကို.....။
ဒါတင်မက သူ့ အမေက ဆံပင်ဆေးဆိုးရင်တောင်မှ
မကြိုက်ပါ။ နောက်ပြီး သမီးလေး ချစ်စံအိမ် အမေကို
လည်း သူ့ အမေ က သဘောမကျတဲ့အတွက်
သူ့ ကို အမွေပြတ် စွန့်လွှတ်ခဲ့သေးသည်။နောက်ပိုင်း သမီးလေးချစ်စံအိမ် အမေ သေမှ
သူ့ အမေက သူ့ကို အိမ်ပြန်ခေါ်ခဲ့တာလေ....။
ထိုအချိန် သူ့ သမီးလေး ချစ်စံအိမ် အသက်က
ဆယ်နှစ်ရှိနေပြီ၊၊ အခုဆိုရင် သူရဲ့ သမီးလေး
ချစ်စံအိမ် အသက်က ဆယ့်ခွန်ရှိပြီလေ....။
ဒီခုနစ်နှစ်အတွင်းမှာ သူရဲ့ အမေက သူ့  သမီးလေး
ချစ်စံအိမ် ကို ဗိုင်းကောင်းကျောက်ဖိ မိန်းကလေး
တစ်ယောက်အဖြစ် အသေအချာ ပျိုးထောင်ပေးခဲ့သည်။
အခုတော့ သူရဲ့ သမီးလေးက သူ့ အမေ လိုချင်
တဲ့ ပုံစံအတိုင်း ဖြစ်သွားခဲ့သည်။" ဘယ်လိုလဲ မြေးလေး..... ချောတယ်မလား မြေးလေးနဲ့
လက်ထပ်မယ့်သူက...... "
YOU ARE READING
ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )
Romanceတစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လိုက်ရတဲ့ အခါ.....နောက်ပြီး သူ လက်ထပ်လိုက်ရတဲ့ ကလေးမလေးက သူ တွဲခဲ့တဲ့ ရည်းစားတွေထက် ရုပ်ဆိုးပြီး ပုံတ...