Part [ 22 ] Zg + Uni

3.5K 120 0
                                    

<><><><><><><>  { Part - 22  }

" ကျေနပ်နေတာမလား နေမင်းမောင်
မင်း ငါ့ သူငယ်ချင်း ရဲ့ မိန်းမ ကို ချစ်သူ အဖြစ် ရထားပြီးပြီဆိုတော့ "

သဝန်​တိုသလို ဖြစ်​​နေတဲ့ ​နေတန်​ခိုး ပုံစံ​ကြောင့်​ ​နေမင်း
အ​တော်​ သ​ဘောကျသွားကာ နှူတ်​ခမ်းကို ​ကွေးညွတ်​သွား
အောင်​ ပြုံးလိုက်​ပြီး..........

" ကျေနပ်တယ် ကျွန်တော် သိပ်ကို ကျေနပ်တယ်
နေတန်ခိုး...... ဒါပေမဲ့ ကျွန်တော် တစ်ခုတော့
မကျေနပ်သေးဘူး ခင်ဗျား ကျွန်တော့်ဆီ ကယူသွားတဲ့
ကျွန်တော် ရဲ့ ပထမဆုံး အနမ်းကို ကျွန်တော်
ပြန်မယူရသေးလို့လေ.... "

" ဘာ.......!!!!!  "

" ဘုန်း.....!!! "

နေမင်းမောင် စကားကြောင့် နေတန်ခိုး မျက်ဝန်းအစုံ
က ပြူးကျယ်သွားပြီး ဒိုင်း ကို ထိန်းပေးထားတာကိုလည်း
လန့်ပြီး လွှတ်ချပစ်လိုက်၏ ။ ထိုအခါ ဘုန်းကနဲ
ကားပါကင်နားက ကတ္တရာပေါ်ကို  မာန်ဒိုင်းလျှံ
လဲကျသွားတော့၏ ။

******************

"  ငါ့ ကားပေါ်က ဆင်း ....!! ​နေမင်းမောင်  "

" မရက်စက်ပါနဲ့ နေတန်ခိုး..... ခင်ဗျားကလည်း
ကျွန်တော့် မှာ ခင်ဗျား သူငယ်ချင်း မာန်ဒိုင်းလျှံ ကို
အိမ်ပြန်လိုက်ပို့ လိုက်ရလို့ ကားတောင်
ထားပစ်ခဲ့လိုက်ရတာ "

" အဲ့ဒါ မင်းဟာမင်း ထားတာလေ ငါနဲ့ မဆိုင်ဘူး
အခုချက်ချင်း ငါ့ ကားပေါ်ကနေ ဆင်း "

ဆင်းဖို့အတွက် ကားကို စက်ရပ်ပစ်လိုက်သော
နေတန်ခိုး ကို နေမင်းမောင် ကြည့်ပြီး မဲ့ပစ်လိုက်ကာ....

" ကောင်းပြီလေ ခင်ဗျားက ကျွန်တော့် ကို ဆင်းခိုင်း
နေမှတော့ ဆင်းပေးရမှာပေါ့...... ဒါကို ကျွန်တော် ဒယ်ဒီ
သိသွားရင်​​တော့ ကျွန်တော့် ကို လမ်းလယ်​ခေါင်​မှာ တစ်ယောက်တည်း ပစ်​ထားခဲ့တယ်ဆိုပြီး  
ခင်​ဗျားဆီက ကား​တွေကို အား​ပေး​တော့မှာ
မဟုတ်လောက်ဘူး ဒါ့အပြင်​ ခင်ဗျား car shworoom ကိုလည်း တစ်​ခုခုလုပ်​မှာလား မသိဘူး ကျွတ်စ်..... ကျွတ်စ်
..... ကျွတ်စ် "

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now