Part [ 10 ] Zg + Uni

3.4K 115 1
                                    

<><><><><><><>  { Part - 10  }

"  ဟော....... ဆင်းလာပါပြီ  ဘွား မြေးမလေး "

မွေးနေ့ပွဲ သွားဖို့အတွက် ချစ်စံအိမ် ကို အောက်ထပ်မှာ
ဒိုင်း စောင့်နေတုန်း  ဘွား ရဲ့ စကားကြောင့် လှေကား
ထစ်ကနေ ဆင်းလာသော ချစ်စံအိမ် ကို
သူ မြင်လိုက်ရတဲ့အချိန် မှင်သက်သွားမိသည်။

ဖွေးစွတ်နေတဲ့ ခြေသလုံးလေးတွေက တုတ်နေပေမဲ့
ကြည့်ရတာ တစ်မျိုးလေး ဖြစ်နေခဲ့သည်။ 
ဆံပင်အရှည်ကြီးကို ပြောင်သိမ်းပြီး အပေါ်မြှောက်တင့်
ထားတော့ ပြည့်ဖောင်းနေတဲ့ ချစ်စံအိမ် မျက်နှာလေးက ပိုပြီး
ပြည့်ဖောင်းနေခဲ့သည်။

သနပ်ခါးတွေ အစား မိတ်ကပ်ပါးပါးလေးကို လိမ်းထားတဲ့
အတွက်လည်း ဒိုင်း မျက်လုံး ပြူးရသည်။ ကြည့်ရတာ
သူ့ ဘွား က ချစ်စံအိမ် အတွက် မိတ်ကပ်ဆရာငှား
ခဲ့ပေးတယ် ထင်ပါရဲ့......။

" ချစ်စရာကောင်းလိုက်တာ မြေးမလေးရယ်.......
အရမ်းချစ်စရာကောင်းတာပဲ "

ချစ်စံ ဦးဒိုင်း နားကို ရောက်လာတော့ ချစ်စံ ကို ငေး
ကြည့်နေသော ဦးဒိုင်း အကြည့်တွေကြောင့် ချစ်စံ
ရင်ခုန်မိသည်။  အခုလည်း ဘွားခင် က ဦးဒိုင်း
ရှေ့မှာ ချစ်စံ ကို ချစ်စရာကောင်းတယ် ပြောနေတော့
ချစ်စံ မနေတတ်တော့ပေ.....။

"  မြေးမလေး ကို ဘွား စိတ်ချမယ်နော် မြေးလေး.....
တစ်ယောက်တည်း  လွှတ်မထားနဲ့ ......
မြေးမလေး ကို အစစအရာရာ ဂရုစိုက်ပေးနော် မြေးလေး"

" ဟုတ် ဘွား..... ကျတော် စောင့်ရှောက်ပေးပါ့မယ်
ဘွားရဲ့ မြေးမလေးကို..... ဒါနဲ့ ဘွား ဒယ်ဒီ ရော"

" မြေးလေး ဒယ်ဒီ company အလုပ်တွေနဲ့ ရှူပ်နေတယ်
ဒါကြောင့် မနက်ဖြန် မြေးလေး ကူညီပေးလိုက်အုံး.....
ချောင်းသာ က ပြန်လာကတည်းက မြေးလေး ဒယ်ဒီ
ကို မြေးလေး ဘာမှ မကူညီရသေးဘူးမလား  "

ဘွား ပြောတာမှန်နေတော့ ဒိုင်း ဇက်ကလေးပုသွားရ၏ ။
ချစ်စံအိမ် နဲ့ လက်ထပ်ပြီးကတည်းက company
ကို ဒိုင်း တစ်ခါမှ မသွားခဲ့.....။  ချောင်းသာကို
ဟန်နီးမွန်းသွားရတာနဲ့ ချစ်စံအိမ် ကို ကျောင်းအပ်
ပေးရတာနဲ့ ဒိုင်း အလုပ်တွေရှူပ်နေခဲ့၏ ။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now