Part [ 25 ] Zg + Uni

3.7K 114 0
                                    

<><><><><><><>  { Part - 25  }

" ချစ်စံအိမ် ,  ငါ နဲ့ လမ်းဘေးက ကလေကချေကောင်နဲ့ဆိုရင်
လမ်း​ဘေးက ကလေကချေကောင်ကိုပဲ ယူမှာ ဟုတ်လား
မင်းက....ဒါဆိုရင် မင်းကို ငါ ပြရသေးတာ
ပေါ့ လမ်း​ဘေးက ကလေကချေကောင်ထက် ငါ က   ဘယ်လောက်သာကြောင်းကို "

ပြောရင်းနဲ့ ချစ်စံ မျက်နှာနားကပ်လာသော ဦးဒိုင်း
ကြောင့် ​ချစ်စံ စိတ်တိုပြီး ဦးဒိုင်း ရဲ့ အလယ်​ဂွကြားတည့်​တည့်​ကို  ​​ညာခြေ​ထောက်​တစ်​ဖက်​နဲ့ အသားကုန်​ ​ဆောင့်​ကန်
ပစ်​လိုက်​၏ ။

" အား..........!!!!!!!!! "

ထိုအခါ တစ်ခဲနက် အော်သံကြီးကြောင့် ချစ်စံ ကိုယ့်​ နားကို
ချက်ချင်း ပိတ်ပြီး အခန်းထဲကနေ အမြန်ထွက်လာခဲ့
လိုက်သည်။ ထွက်လာရင်းနဲ့ပင်​ နောက်ကို ချစ်စံ
လှည့်ကြည့်လိုက်တော့ ပေါင်နှစ်ချောင်းကို ပူးပြီး
ဦးဒိုင်း က အသားကုန်အော်နေတော့ ချစ်စံ ပြုံးလိုက်
မိသည်။

**********************

"  အား...... ကျွတ်စ်...... ကျွတ်စ် နာလိုက်တာ "

ညနေက ချစ်စံ ကန်ချက်ကြောင့် နာသွားတာကို  ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ လာပြီး ညည်းနေတော့ TV ကြည့်​​နေရင်းနဲ့
ချစ်စံ သဘောကျ​နေမိသည်။

ရှေ့က TV ထဲက ဇာတ်ကားက ရယ်စရာ မကောင်းဘဲ
ချစ်စံ အနား လာပြီး ညည်းနေသော ဦးဒိုင်း ကို
ချစ်စံ ကြည့်ပြီး မရယ်မိအောင် မနည်းထိန်းနေရသည်။

" အား.........!!!!!!  "

ရုတ်တရက် ထအောင့်လိုက်သော ဗိုက်ကြောင့် ချစ်စံအိမ်
တစ်ယောက် အားကနဲ အော်လိုက်လေသည်။
ထိုအခါ အနားမှာ ထိုင်ပြီး ညည်းနေသော ဒိုင်း
စိတ်ပူသွားကာ ချစ်စံအိမ် နားကို တိုးသွားခဲ့၏ ။

" ဘာဖြစ်လို့လဲ ချစ်စံအိမ်....?? မင်း ဘာဖြစ်လို့လဲ
ဘာလို့ အော်နေတာလဲ....??  "

" အား..... ဗိုက်အောင့်တယ်.... .အား.....!!!! 
အား..... အား.. ..!!!! နာတယ်"

ဗိုက်ကို လက်နဲ့ အသားကုန် ဖိထားရင်းက​နေ
ချွေးဇောတွေ ပြန်လာ​သော ချစ်စံအိမ် ကို ဒိုင်း ကြည့်ပြီး အရမ်းစိတ်ပူသွားကာ ချစ်စံအိမ် ကိုယ်လေးကို
ချက်​ချင်း ​ပွေ့ချီလိုက်သည်။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now