Part [ 51 ] Zg + Uni

2.3K 79 0
                                    

<><><><><><><>  { Part - 51  }

" ရှင် လုပ်တာမလား မစံစံနိုးဦး
အဲ့ဒီနေ့မှာ city mart အရှေ့မှာ
ကျမ ကိုယ်ဝန် ပျက်ကျအောင် အရှိန်နဲ့ မောင်းလာ
တဲ့ ကားက ရှင့် ကားမလား.. .???"

" နင် ဘယ်လိုထင်လဲ ချစ်စံအိမ် ...???
နင် ထင်ရင် ထင်တဲ့ အတိုင်းပဲ ....အဟားဟား
.......ဟားဟား. ....ဟားဟား "

ပြောရင်းနဲ့ ရယ်ချလိုက်တော့ ချစ်စံအိမ် အရမ်းစိတ်
တိုသွားပြီး လက်မြှောက်ကာ စံစံနိုးဦး ပါးကို အချ.....
ကားထဲကနေ ဆင်းလာတဲ့ အနက်ရောင် ဝတ်စုံနဲ့
လူနှစ်ယောက်က ချစ်စံအိမ် လက်ကို
ဖမ်းချုပ်ထားလိုက်၏ ။

" လွှတ်.....!!!  ငါ့ လက်ကို လွှတ်....!!! 
လွှတ်လို့ ......."

" ချစ်စံအိမ် နင့် ဘဝလေးတော့ သနားပါတယ်
ဒီ တစ်သက် ကလေး မမွေးနိုင်တော့ဘူး
အဲ့ဒါ ငါ့ ဆီကနေ ကိုဒိုင်း ကို လုယူချင်အုံး....!!! "

" လွှတ်.....!!!  ငါ့ လက်ကို လွှတ်....!!! 
လွှတ်လို့ ......."

စံစံနိုးဦး စကားကြောင့် ချစ်စံအိမ် စိတ်တိုပြီး
ပါးရိုက်ချင်သော်လည်း သူမ လက်ကို ဖမ်းချုပ်ထား
တဲ့ လူနှစ်​​ယောက်​ကြာင့် ဘယ်လိုမှ ရုန်းမရ ဖြစ်နေလေသည်။

" လွှတ်ပေးလိုက်တော့ သူ့ကို....
နင်တို့ နှစ်ယောက်  ကားပေါ် တက်လာခဲ့တော့ "

အပြောနဲ့ အတူ စံစံနိုးဦး ကားပေါ်တက်သွားရော
ဝတ်စုံအနက်နဲ့ လူနှစ်ယောက် က ချစ်စံအိမ်
ကို လွှတ်ပေးပြီး ချက်ချင်းဆိုသလို သူတို့ပါ
ကားပေါ် လိုက်​တက်​ကြ၏ ။

ထွက်သွားသော ကားလေးကို ကြည့်ပြီးတော့
နေရာမှာတင်  ချစ်စံအိမ် အရုပ်ကြိုးပြတ်
ထိုင်ချပစ်​လိုက်ကာ ငိုနေတော့သည်။

>>>>>>>>>>>>>>>>

လေးနှစ်ကြာပြီးနောက် ..............

" ချစ်စံ နင် ဘယ်နေ့ ပြန်လာမှာလဲ.......???
ပြန်လာရင် ငါ့ကို ပြောအုံးနော် နင့်ကို လေဆိပ်အထိ
ငါ လာကြိုပေးမယ်  "

ဖုန်းထဲကနေ မောင် ပြောလိုက်တဲ့ စကားကြောင့်
ချစ်စံ ပြုံးလိုက်မိသည်။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now