Part [ 40 ] Zg + Uni

2.9K 94 0
                                    

<><><><><><><> { Part - 40 }

" နေမင်းမောင် "

တစ်​ဖက်​က ဖုန်းခေါ်နေ​တော့ ဖုန်း screen ပေါ်မှာ ​ပေါ်လာတဲ့ကောင်လေးပုံကို စံစံနိုးဦး ရေရွတ်လိုက်ရင်း
သူမ မျက်လုံးတွေက အဆမတန် ပြူးသွားခဲ့ကာ ဝိတ်တာယောင်ဆောင်ထားသော ချစ်စံအိမ် ကို
စိုက်ကြည့်လာခဲ့၏ ။

" ချစ် ..စံ...အိမ် "

မစံစံ ချစ်စံ နာမည်ကို စခေါ်လိုက်တာနဲ့ ချစ်စံ တွေဝေမနေ
တော့ပါ။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး
အခန်းတံခါးကို အမြန်ဆွဲဖွင့်ကာ အခန်းထဲကနေ အမြန်ပြေးထွက်လာခဲ့သည်။

နောက်မှာ မစံစံ က ချစ်စံ ကို ဖမ်းပေးဖို့အတွက် ဦးမင်းဒင်
ကို အမိအရ အော်ပြောနေသံတွေကို ချစ်စံ ကြားနေ
ရပေမဲ့လည်း လှည့်မကြည့်ဘဲ ချစ်​စံ အသားကုန်
ပြေး​နေမိသည်။

အခန်းပေါက်ဝက အစောင့်နှစ်ယောက်ကလည်း
ချစ်စံ ထွက်ပြေးလာတာကို ကြည့်ပြီး အစက
ကြောင်နေပေမဲ့လည်း ဦးမင်းဒင် ရဲ့ လိုက်ဖမ်းဆိုတဲ့
စကားကြောင့် သူတို့နှစ်ယောက်ကပါ ချစ်စံ နောက်ကို ပြေးလိုက်လာကြသည်။

ပြေးရင်း၊ ပြေးရင်းနဲ့ မောလာတဲ့အတွက် ချစ်စံ ဆက်မပြေးနိုင်တော့ပါ။

" ဟိုကောင်မလေး ရပ်လိုက်စမ်း....!!!!
ပြောတာကြားလား...!!! ရပ်လိုက်လို့...!!! "

အနောက်ကနေ အော်နေကြတဲ့ ဦးမင်းဒင်ရဲ့
တပည့် နှစ်ယောက်ကြောင့် ချစ်စံ အရမ်းကြောက်လာမိသည်။
မိဖို့ကလည်း ဘယ်လောက်မှ မလိုတော့ ချစ်စံ ဘာလုပ်ရမှန်း
မသိ ဖြစ်သွားရသည်။

" အေမ့ "

ထိုအချိန် အခန်းတစ်ခု ဖြတ်အပြေးမှ ချစ်စံ ကိုယ်လေးကို
တစ်ယောက်ယောက်က အခန်းထဲ ဆွဲသွင်းလိုက်တော့
ချစ်စံ လန့်သွားရသည်။

" ဟင်...... ဦးဒိုင်း "

" ရှူး...... တိုးတိုး "

ချစ်စံ ပါးစပ်လေးကို လက်ညှိုးလေးနဲ့ လှမ်းပိတ်လိုက်တော့
ချစ်စံ ဦးဒိုင်း ကိုပဲ စိုက်​ကြည့်နေမိသည်။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now