<><><><><><><> { Part - 65 }" မပင်ပန်းပါဘူး ကလေး ကလည်း
ကိုယ့် အတွက်က ကလေး ကို ဘာပဲလုပ်ပေးရ
လုပ်ပေးရ ပျော်ရွင်မိတယ် အထူးသဖြင့်
ကလေး အိပ်နေတာလေးကို စောင့်ပေးရတာက
ကိုယ့် အတွက် အပျော်ဆုံးပဲ ဘာလို့လဲ
ကလေး သိလား.........??? "" ဟင့်အင်း မသိဘူး "
" ကလေး မျက်နှာလေးကို ကိုယ် ကြည့်နေရလို့လေ "
လူကို ရီဝေစွာ စိုက်ကြည့်ရင်းနဲ့ ခြွေနေတော့
ချစ်စံ ရင်တွေ အဆမတန်ခုန်လာပြီး ရှက်ကာ ခေါင်းငုံ့လိုက်မိသည်။ထိုအချိန် ချစ်စံ မေးဖျားလေးကို ဆွဲယူကာ
နှုတ်ခမ်းလေးကို ဦးဒိုင်း က နမ်းရှိုက်လိုက်တော့
ချစ်စံ မျက်ဝန်းများ ပြူးကျယ်သွားမိသည်။တစ်စတစ်စ နဲ့ နှုတ်ခမ်းသားတွေကို မျှင်းမျှင်းချင်း
နမ်းရှိုက်လာတော့ ချစ်စံ ရင်တွေ အရမ်းခုန်လာပြီး
ဦးဒိုင်း ကျောပြင်ကို ပွတ်သပ်နေမိသည်။နမ်းနေရင်းနဲ့ တစ်အောင့် လောက်ကြာလာတော့
နမ်းတာကို ဒိုင်း ရပ်ပစ်ကာ ချစ်စံအိမ်
ကို နူးညံ့စွာ စိုက်ကြည့်လာ၏ ။" ကလေး ကြားလား ကိုယ်ရဲ့ ရင်ခုန်သံတွေကို "
ဒိုင်း ချစ်စံအိမ် လက်လေးကို သူ့ ရင်ဘတ်ပေါ် တင်ရင်း
နဲ့ ပြောလိုက်ရာ ချစ်စံအိမ် က ရှက်သွားတော့
ဒိုင်း ပြုံးလိုက်၏ ။" ကိုယ်ရဲ့ ရင်ခုန်သံတွေက ကလေး နဲ့မှ ဖြစ်တည်လာတာ
ကလေး ကသာ ကိုယ့်ကို ရင်ခုန်ခြင်း အဓိပ္ပာယ်ကို
သင်ပေးသွားသူ...... တကယ်လို့ ကလေး
ကိုယ့် ဘဝကို တာဝန်ယူမပေးဘူးဆိုရင်
ကိုယ့် နှလုံးသားလေးက အထီးကျန်ပြီး
သေဆုံးသွားရလိမ့်မယ် ......ဒီတော့ ကလေး
စဉ်းစားကြည့်ပါ ကလေး ကြောင့်နဲ့ ကိုယ်
လူပျိုကြီး ဖြစ်ပြီး တစ်ယောက်တည်း
အထီးကျန်သွားမှာကို ကလေး မြင်ချင်ရဲ့လား "ဦးဒိုင်း က အတော်စကားတတ်နေတော့ ချစ်စံ
စချင်လာမိသည်။ အခုလည်း ချစ်စံ ဆီက
အဖြေစောင့်နေတော့ ရုပ်တည်ကြီးနဲ့ ဦးဒိုင်း ကို
ချစ်စံ ကြည့်ပစ်လိုက်သည်။
YOU ARE READING
ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )
Romanceတစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လိုက်ရတဲ့ အခါ.....နောက်ပြီး သူ လက်ထပ်လိုက်ရတဲ့ ကလေးမလေးက သူ တွဲခဲ့တဲ့ ရည်းစားတွေထက် ရုပ်ဆိုးပြီး ပုံတ...