Part [ 63 ] Zg + Uni

2.8K 90 3
                                    

<><><><><><><>  { Part - 63  }

" လာမှာပါ ဦးမာန်ဒိုင်းလျှံ.....ကျ​တော့်​ သူငယ်​ချင်း
ချစ်စံ က မလာဘဲ  မနေပါဘူး  "

ကားစီယာတိုင်​ ကို ကိုင်ပြီး ဒိုင်း ကားမောင်းနေရပေမဲ့
သူ့ နားထဲမှာ နေမင်းမောင် ရဲ့ လာမယ်ဆိုတဲ့
စကားတွေကိုပဲ ကြားနေလေသည်။

ဒါပေမဲ့ ဒီနေ့ သူ့ စိတ်တွေ လေးလေးကြီး ဖြစ်ပြီး
ခံစားချက် မကောင်းတာက စိုးမိုးထားတော့
ရင်ထဲ ကလေး အတွက် တစ်မျိုးကြီး
ဖြစ်နေရသည်။

တန်​ခိုးတို့ မင်္ဂလာပွဲက နောက်နာရီဝက်လောက်နေရင်
စတော့မှာ ဆိုတော့ အခုထက်​ထိ ရောက် မလာသေးတဲ့
ကလေး ကြောင့် သူ အရမ်းစိတ်ပူပြီး
ကလေး တည်းတဲ့ ဟိုတယ်ကို လိုက်လာမိသည်။

ဒီနေ့ကျမှ ကားမောင်းတာကလည်း အရမ်းကို ကြာနေလေ
သည်။

************************* 

"  မာမီ သိလား ဒီနေ့ ချစ်စံအိမ် က သေရတော့မှာလေ
ထက်သူ က စံ အစား သတ်ပေးမှာ.....
အဝေးပြေးကားဂိတ်မှာ ချစ်စံအိမ် ဘဝလေးကတော့
ထက်သူ  ကားနဲ့ တိုက်သတ်တာကိုခံရတော့မယ်
အဲ့ဒီအခါကျရင် ချစ်စံအိမ် သေတာကို စံကြည့်ပြီး
ဟားတိုက်ရယ်ပစ်လိုက်အုံးမယ်  "

ချိုင်းထောက်ကြီး မနည်းထိန်းကိုင်ရင်း ပြောလာခဲ့
သော မနက်က  စံစံနိုးဦး ရဲ့ စကားတွေကို
ဒေါ်မာလာ ကြားယောင်လာရင်း ဘာလုပ်ရမှန်းမသိ
ဖြစ်သွားရသည်။

သမီးစံ ခြေထောက်ကျိုးသွားလို့ စတီးနဲ့ဆက်ထား
တာကို သူမ မြင်ပြီး စိတ်ပူပြီး မေးတုန်းကလည်း
သမီးစံ က ဘာမှ မဖြေခဲ့........။

အပြင်ပန်းမှာသာ သမီးစံ က ပြုံးနေပေမဲ့ သမီးစံ
ရဲ့ မျက်ဝန်းတွေက အရင်ကလို မတောက်ပတော့ပေ။

မတောက်ပတဲ့အပြင် စိုးတထိတ်ထိတ်နဲ့ပင်.....။

သူမ သာ အမေ ဖြစ်လို့ စိတ်ပူပြီး မေးတော့လည်း
သမီးစံ က သူမ ကို ရှိတယ်လို့တောင် မထင်ခဲ့...  ။

အခုလည်း ချစ်စံအိမ် ကို သတ်ဖို့ ကြံနေပြန်ပြီလေ။

ဒီတစ်ခါတော့ သမီးစံ ကို သူမ တားမှ......။
မဟုတ်ရင် တစ်ခုခု ဖြစ်သွားလိမ့်မည်။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now