<><><><><><><> { Part - 7 }မျက်ရည်တွေကျပြီး တစ်ခုခုကို တွေးတောနေသော ချစ်စံအိမ်
ကို ဒိုင်း ကြည့်ပြီး စိတ်မရှည်တော့ တစ်ခုခုပြောဖို့
အပြင်မှာပဲ ချစ်စံအိမ် စကားကြောင့် သူ ပြောဖို့ပြင်နေတာ
ကို အရှိန်သက်လိုက်၏ ။" ချစ်စံ မဖြူစင် ကို တောင်းပန်ပေးမယ် ........
ဦးဒိုင်း သဘောကျ မဖြူစင် ကို ချစ်စံ တောင်းပန်ပေး
မယ် ဒါဆို ဦးဒိုင်း ကျေနပ်တယ်မလား.....
ကျေနပ်တယ်မလားဟင် ဦးဒိုင်း....... "မျက်ဝန်းက မျက်ရည်စတွေ အပြည့်နဲ့ ပြောနေသော
ချစ်စံအိမ် ကို ဒိုင်း ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်ကာ......." အင်း....... ကျေနပ်တယ် "
" တောင်းပန်ပါတယ် မဖြူစင်..... ..မဖြူစင် ကို
ချစ်စံ တောင်းပန်ပါတယ် "လက်အုပ်ကလေး ချီပြီး ဖြူစင် ကို တောင်းပန်ပြီးတာနဲ့
ထိုနေရာကနေ ချစ်စံအိမ် အမြန်ပြေးထွက်လာခဲ့သည်။နောက်ကို တစ်ချက်မှ လှည့်မကြည့်ဘဲ ပြေးထွက်သွား
သော ချစ်စံအိမ် ကို ဒိုင်း နဲ့ ဖြူစင် ကြည့်နေကြပေမဲ့
ဖြူစင် မျက်နှာမှာ ပြုံးရိပ်တွေ အပြည့် ရှိနေခဲ့ပြီး
ဒိုင်း မျက်နှာကတော့ တစ်မျိုးဖြစ်နေခဲ့သည်။********************
" ဘာလို့လဲ ဦးဒိုင်း .....? ဘာလို့လဲ ...?
အခုမှ တွေ့တဲ့ မဖြူစင် အပေါ်ကိုကျတော့
အရေးပေးပြီး ခုနစ်နှစ်တိတိချစ်လာတဲ့ ချစ်စံ
အပေါ်ကိုတော့ မဖြူစင်လောက် ဘာလို့ အရေးမပေးနိုင်ရတာလဲ......ဒါနဲ့ ဦးဒိုင်း သိလား
ချစ်စံ ဘဝမှာလေ ဘယ်သူ့ကိုမှ တောင်းပန်စကား
မပြောဖူးဘူး ကိုယ် မမှားဘဲနဲ့..... အခု ဦးဒိုင်း နဲ့
တွေ့မှပဲ ကိုယ် မမှားတဲ့ အရာကို တောင်းပန်နေရတယ်
ပုံမှန်ဆို ကိုယ် မမှားတဲ့အရာ အတွက် ချစ်စံ
မတောင်းပန်တတ်ဘူး ဒီနေ့တော့ ဦးဒိုင်း ကို
အရမ်းချစ်လို့ ကိုယ် မမှားတဲ့ အရာတစ်ခုကို ချစ်စံ
တောင်းပန်လိုက်ရပြီ.......ဦးဒိုင်း ကို ချစ်လို့
ချစ်စံ တောင်းပန်လိုက်ရပြီ..... ဟင့်.... ဟင့်..... ဟင့် "
YOU ARE READING
ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )
Romanceတစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လိုက်ရတဲ့ အခါ.....နောက်ပြီး သူ လက်ထပ်လိုက်ရတဲ့ ကလေးမလေးက သူ တွဲခဲ့တဲ့ ရည်းစားတွေထက် ရုပ်ဆိုးပြီး ပုံတ...