Part [ 23 ] Zg + Uni

3.6K 121 1
                                    

<><><><><><><> { Part - 23 }

ချစ်စံအိမ် ငှဲ့ပေးတဲ့ ကော်ဖီကို ဒိုင်း သောက်ဖို့ယူလိုက်ရင်း
သောက်ဖို့ပြင်လိုက်တဲ့အချိန် သူ့ကို ကြည့်လာတဲ့
ချစ်စံအိမ် ကြောင့် ဒိုင်း မသောက်သေးဘဲ ချစ်စံအိမ်
ကို ကြည့်လိုက်၏ ။

" ဘာပြောမလို့လဲ ချစ်စံအိမ် မင်း ငါ့ကို ကြည့်နေတာက "

စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထိန်းထားပြီး လေကို
ဝဝကြီး ရှူသွင်းရင်းနဲ့ ချစ်စံအိမ် ဒိုင်း ကို စိုက်​ကြည့်ကာ......

" ကွာရှင်းရအောင် ဦးဒိုင်း.......
ချစ်စံ တို့ ကွာရှင်းရအောင်......"

" ဘာ.....!!!! "

" ခလွမ်း....!!! "

ဒိုင်း ရဲ့ အံ့ဩသံနဲ့အတူ ဒိုင်း လက်ထဲက ကော်ဖီခွက်ကပါ
အောက်ကို လွှတ်ကျသွားခဲ့၏ ။

"ဘာ.....!!!! မင်း ဘာပြောလိုက်တယ်
ကွာရှင်းမယ်ဟုတ်လား ချစ်စံအိမ် ..?? "

" ဟုတ်တယ် ဦးဒိုင်း ချစ်စံ တို့ ကွာရှင်းရအောင်
ချစ်စံတို့ တစ်ယောက်နဲ့ တစ်ယောက်မှ မချစ်ကြတာ
ဒါကြောင့် ကွာရှင်းရအောင် "

ပြတ်သားစွာ ဆိုလာတဲ့စကားသံတွေနဲ့အတူ လေးနက်တဲ့
မျက်ဝန်း တစ်စုံနဲ့ ကြည့်နေသော ချစ်စံအိမ် ကို
ဒိုင်း ကြည့်ပြီး ရင်ထဲ အောင့်သက်သက် ဖြစ်သွားရ၏ ။

" ကွာရှင်း မပေးနိုင်ဘူး ချစ်စံအိမ်...........
ငါ မင်းကို လုံးဝ ကွာရှင်းမပေးနိုင်ဘူး "

ကွာရှင်းမ​ပေးနိုင်ဘူး ဆိုတဲ့ စကား​ကြောင့်​ ချစ်​စံအိမ်
ရင်​ထဲ အ​တော်​ခံပြင်းသွားကာ ဒိုင်း ကို စူးစူးစိုက်​စိုက်
ကြည့်​လိုက်​သည်​။

" ဘာကြောင့်လဲ ဦးဒိုင်း......?? ဘာကြောင့်
ချစ်စံကို ကွာရှင်းမပေးတာလဲ...? "

" တစ်နှစ် မပြည့်သေးလို့ပဲ ချစ်စံအိမ် ....
တစ်နှစ် မပြည့်သေးလို့ နောက်ပြီး မင်း မေ့နေပြီလား
မင်းကို ငါ အစကတည်းက ငါနဲ့ လက်ထပ်ရင်
တစ်နှစ်ပြည့်မှ ကွာရှင်းပေးမယ်လို့ ပြောခဲ့တာလေ
အဲ့ဒါ မင်း မေ့နေပြီလား .....? "

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now