Part [ 46 ] Zg + Uni

2.5K 90 0
                                    

<><><><><><><>  { Part - 46  }

" ကံကောင်းလို့ပေါ့  ကိုကို ရယ် မောင်တို့
ထွက်လာနိုင်လို့..... နို့မို့ဆို ချစ်စံ နဲ့ ဦးမာန်ဒိုင်းလျှံ
တို့ရဲ့ လက်စာ မောင်တို့ မိနေလောက်ပြီ "

သူတို့ ကားလေးက မာန်ဒိုင်းလျှံ တို့ အိမ်ရဲ့ အဝေးကို
ရောက်မှ ပြောလာသော နေမင်း​မောင်​ ​ကြောင့်​ တန်ခိုး
ပြုံးလိုက်မိသည်။ ဖြစ်ရမယ် အဲ့မောင်က
သူ့ ကိုယ်တိုင်သွားစပြီး အခုမှ လာကြောက်ပြနေတာ
လေ။

နေမင်း သူ ​ပြောလိုက်​တဲ့ စကား​ကြောင့်​ ကိုကို
က တစ်ခုခုကို တွေးပြီး  ပြုံးလိုက်​​တော့  သူ့ စိတ်ထဲ
သ​ဘောမကျ  ဖြစ်သွားရသည်။

" ဘာလို့ ပြုံးနေတာလဲ ကိုကို.....??? ကျတော့်
ကို ကိုကို  စိတ်ထဲမှာ ဘာတွေ အတင်းတုပ်နေတာ
လဲ "

" ဘာမှ မတုတ်ပါဘူး မောင် ....
မင်းကို ငါ  ရယ်ချင်လို့ပါ .....မင်း က ငါ့ သူငယ်ချင်း နဲ့
ချစ်စံ ကို ပြသာနာတက်အောင် သွားစပြီး
ပြသာနာလည်း တက်ရောမင်းက ကြောက်ကြောက်နဲ့ ထွက်ပြေးလာတာလေ... "

" အမယ်.... ကိုကို နော် မောင် က ကြောက်လို့
ထွက်ပြေးလာတာ မဟုတ်ပါဘူး ကိုကို ထိခိုက်မှာ
စိုးလို့  မောင်က ထွက်ပြေးလာတာပါ နောက်ပြီး
သူတို့ နှစ်ယောက်လောက်ကတော့ မောင့်က
သနားတယ်....... အမြီးလေးနဲ့​တောင် မောင့်က
ဆွဲရမ်းနိုင်တယ် "

" အမြီး ဟုတ်လား မောင်...... ဟားဟား.......
ဟားဟား "

နေမင်း သူ့ကို ကိုကို က ရယ်နေတော့ အောင့်သက်သက်
ဖြစ်သွားမိသည်။

" ကိုကို နော် ဘာလို့ အဲ့ဒီလောက်ထိ ရယ်နေရတာလဲ
မောင့် ကို အထင်သေးတာလား....???
မယုံဘူးလား မောင့် အစွမ်းကို "

" ယုံပါတယ် မောင် မင်း အစွမ်းကို ငါ့ ယုံပါတယ်
ဒါပေမဲ့ မင်းမှာ အမြီးမှ မရှိတာ.....ဟားဟား
......ဟားဟား  "

ပြောရင်းနဲ့  တန်ခိုး က ထပ်ရယ်နေတော့ နေမင်း
စိတ်မထိန်းနိုင်တော့ဘဲ တန်ခိုး မေးဖျားလေးကို
ဆွဲယူလိုက်၏ ။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now