<><><><><><><> { Part - 6 }ဒိုင်း ကလည်း သူ့ နှုတ်ခမ်းနဲ့ ထိနေတဲ့ ချစ်စံအိမ်
နှုတ်ခမ်းလေးကို မဖယ်သေးဘဲ ချစ်စံအိမ်
မျက်နှာကို စိုက်ကြည့်နေခဲ့သည်။ခဏလောက်ကြာတော့ ချစ်စံအိမ် သတိဝင်လာကာ
ဒိုင်း ပေါ်ကနေ အမြန်ဆင်းပြီး နမ်းမိမလိုဖြစ်ထားတဲ့
သူမ နှုတ်ခမ်းကို လက်နဲ့ အမြန်သုတ်ပစ်လိုက်သည်။ဒါကို ကြမ်းပြင်ပေါ်ကနေ အခုမှ ထလာတဲ့ ဒိုင်း
အလိုမကျ ဖြစ်သွားကာ........." သုတ်မနေနဲ့  ချစ်စံအိမ်......ဒါက တကယ်နမ်းမိတာ
မျိုးမဟုတ်ဘူး မတော်တဆဖြစ်သွားတာ
နောက်ပြီး သုတ်နေရအောင်လည်း မင်း နှုတ်ခမ်းက
ငါ တွဲဖူးတဲ့ မိန်းကလေးတွေလောက်တောင် ဆွဲဆောင်မှုမရှိဘူး "သူ့ စကားကြောင့် ချစ်စံအိမ် မျက်နှာလေး ဖျော့တော့
သွားတာကို ဒိုင်း အကြည့်လွှဲလိုက်ပြီး ကုတင်ပေါ်
တက်လာလိုက်သည်။ထိုအခါ ဒိုင်း ကုတင်ပေါ်တက်သွားတာနဲ့ ချစ်စံအိမ်
တစ်ယောက် သူမ ဆိုဖာပေါ် တက်လာပြီး အိပ်ဖို့
ပြင်လေသည်။ စောင်ကို ခြုံရင်းနဲ့ စောင်ထဲမှာ
အသံတိတ်နဲ့ ချစ်စံအိမ် မျက်ရည်တွေကျနေခဲ့သည်။ဒိုင်း ကတော့ စောင်ခြုံပြီး သူ့ ကုတင်ပေါ်မှာ
ဘာမှမတွေးဘဲ လွတ်လပ်စွာ အိပ်နေလေသည်။******************
" ဒိုင်း ဒါလေးက အရမ်းစားကောင်းတယ် ဒါလေးလည်း
စားကြည့်......"ဝက်အူမကြီးသုပ်ကို တူနဲ့ ကော်ရင်း ဖြူစင် က
ဒိုင်း ကို ခွံကျွေးလေသည်။ အနားက ချစ်စံအိမ်
က ဒိုင်းတို့ကို တစ်ချက်ကြည့်ပြီး သူမ ဆန်ပြုတ်ကို
သူမ ဆက်စားနေခဲ့သည်။ချစ်စံ ဆန်ပြုတ်စားနေရပေမဲ့ ဦးဒိုင်း နဲ့ မဖြူစင် တို့ ကြည်နူးနေတာကို မြင်နေရတာကြောင့် ဆန်ပြုတ်အရသာက
ချစ်စံ ပါးစပ်ဖျားမှာ ဘာအရသာမှမရှိ ဖြစ်နေခဲ့သည်။
အပြုံးတွေ...... ဦးဒိုင်း ရဲ့ အပြုံးတွေ....။ ချစ်စံ
နဲ့ဆို တွေ့ရခဲ့တဲ့ ဦးဒိုင်း အပြုံးတွေက ဦးဒိုင်း ရဲ့ ကောင်မလေး
တွေရှေ့မှာဆို အမြဲတမ်းပေါတော နေခဲ့သည်။
YOU ARE READING
ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )
Romanceတစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လိုက်ရတဲ့ အခါ.....နောက်ပြီး သူ လက်ထပ်လိုက်ရတဲ့ ကလေးမလေးက သူ တွဲခဲ့တဲ့ ရည်းစားတွေထက် ရုပ်ဆိုးပြီး ပုံတ...