Part [ 29 ] Zg + Uni

3.1K 114 1
                                    

<><><><><><><>  { Part - 29  }

" ကောင်မ ညည်းကများ သမီးစံ ကို စွပ်စွဲချင်တယ်
ညည်းလို ကောင်မက အသားနာမှ မှတ်မယ်ထင်တယ် "

အပြောနဲ့အတူ ချစ်စံအိမ် ပါးကို ဒေါ်သီရိ  အားကုန်လွှဲပြီး
ရိုက်ချပစ်၏ ။

" ဖြန်း....!!!!  "

" သားဒိုင်း "

သို့သော် ရိုက်ချက်က ချစ်စံအိမ် အပေါ်ကို မကျရောက်ခဲ့ပါ။
ဘာလို့ဆို ချစ်စံအိမ် ကို ဒေါ်သီရိ လက်ရွယ်တာနဲ့ ချက်ချင်းဆိုသလို ဒိုင်း က ချစ်စံအိမ် နားကို တိုးသွားပြီး
ကိုယ်စား ခံယူလိုက်တာကြောင့်ပင်..... ။

" ကိုဒိုင်း ဘာဖြစ်သွားသေးလဲဟင်​ ....အရမ်းနာသွား
သေးလား  "

သူ့ ပါးကို ထိကိုင်ပြီး မေးလာသော စံစံ ကို ဒိုင်း
ကြည့်ပြီး ​ခေါင်းယမ်းပြကာ စံစံ ရဲ့ လက်လေးကို ဒိုင်း
အသာလေး ဖယ်လိုက်သည်။

" သားဒိုင်း ဘာလို့ ချစ်စံအိမ် ကို ကာကွယ်ပေးနေရတာလဲ
ဒီကောင်မ သား အဘွား ကို တွန်းချတာ သိရဲ့သားနဲ့ "

" သီရိ တော်တော့......!!!  ကိစ္စ တစ်ခုကို ဂဂနန
မသိဘဲ လူ တစ်ဖက်သားကို  မစွပ်စွဲနဲ့
ငါ မကြိုက်ဘူး... "

" ရှင် ကျမ ကို အော်တာလား ကိုစစ်မာန် "

" ငါ မအော်ရသေးဘူး သီရိ .... မင်း မျှမျှတတ
နားထောင်ဖို့ ပြောတာ အခုဟာက မင်းက
သမီး ချစ်စံ ရဲ့ အဖြေကိုတောင် နားမထောင်ဘဲနဲ့
မင်း ထင်ရာတွေ စွပ်စွဲနေလို့ ငါ ပြောနေရတာ
ဘယ့်နှယ် စံစံနိုးဦး အဖြေကိုပဲ မင်း နားထောင်နေလို့
မရဘူးလေ မျှမျှတတ ဆုံးဖြတ်မှပေါ့
သမီးချစ်စံ ခုဏက သမီးချစ်စံ ပြောတဲ့အထဲမှာ
စံစံနိုးဦး က  ဘွားခင်  ပြုတ်ကျတဲ့အချိန်မှာ
လှေကားပေါ်မှာ ရှိနေတယ် ဟုတ်လား "

" ဟုတ် ဒယ်ဒီ.....  အောက်ကို ပြုတ်ကျတဲ့ အသံအကျယ်ကြီးကြားလို့ ချစ်စံ အခန်းထဲကနေ ထွက်လာချိန်မှာ မစံစံ က လှေကားထိပ်မှာ ရှိနေတယ် ဒယ်ဒီ "

" အန်ကယ်စစ်မာန်  စံ မလုပ်ဘူးနော်.....စံ မလုပ်ဘူး
ချစ်စံ  လုပ်တာ သူ့ကသာ စံ ကို မရှူစိမ့်ဖြစ်ပြီး
လွှဲချနေတာ "

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now